ဆရာ့ ရင်ခွင်......... အပိုင်း (၇)
"ကဲ လာတော့ သားတို့ အောက်မာ မင်းပါးပါး မနက်စာ စားဖို့ စောင့်နေတယ် "
ရှောင်ကျန့် နဲ့ ဝမ်ရိပေါ လည်း ခေါင်းလေး ငြိမ့်ပြကာ အနောက်ကနေ လိုက်သွားတော့သည် ။ အောက်ကိုရောက်တော့ စားပွဲခုံပေါမာ နန်းကြီးသုတ် အလယ်မာ အငွေ့တထောင်းထောင်းထ နေသော ဟင်းရည်ပူကြီး ။ ပါးပါး ကတော့ စားနှင့်လေပြီ ။ မားမားလည်း ပါးပါးဘေးက ထိုင်ခုံပေါမာ ထိုင်လိုက်တယ် ။ ရိပေါ နဲ့ ရှောင်းကျန့်တို့ကတော့ ဘေးချင်းကပ်ရပ်ပင် ။ ဝမ်ရိပေါ နံနံပင်ကို လက်လှမ်းတော့ ရှောင်ကျန့်လည်း လက်လှမ်းတာနဲ့ လက်ချင်း ထိမိသွားတယ် ။ တစ်ခနပင် ရိပေါ နဲ့ ရှောင်ကျန့် တို့ မျက်လုံးချင်းစုံမိတော့တယ် ။ ရှောင်းကျန့် စိတ်ပြန်ကပ်တော့ လက်ကို ဘေးဖယ် မိလိုက်တယ် ။
"သားရှောင်းကျန့် သားဘာလို့ မနေ့ညက အိမ်မပြန်ရတာလဲ ။ "
ပါးပါး စားရင်းနဲ့ ရှောင်းကျန့်ကို ကြည့်ကာ မေးလိုက်တယ် ။ ရှောင်ကျန့် ပါးစပ်က ပြောတေ့ာမဲ့အချိန် အောက်က ရိပေါ ခြေထောက် နင်းလိုက်တယ် ။
"အ အ "
ရှောင်ကျန့် မျက်နှာလေး ရှုံမတ်ကာ ရိပေါကို ကြည့်လိုက်တော့ မသိမသာ ခေါင်းခါပြတယ် ။
"အဲ့ အဲ့ဒါက ရိပေါ စာကျက်နေတာ သူ့ထိုင်စောင့်နေရင်းနဲ့ ညဉ့် ညဉ့်နက်သွားတာ ဟုတ်တယ် အဲ့တာ ရိပေါက ညနက်နေပြီ မပြန်နဲ့တော့ ဆိုလို့ ဟဲဟဲ အဲ့တာ အိပ်လိုက်တာ"
ရှောင်ကျန့် ယုန်သွားလေးပေါအောင် ရီပြရင်း ရိပေါဘက် လှည့်ကာ ခေါင်းလေးငြိမ့်ပြလိုက်တယ် ။
"ဟုတ်တယ် ပါးပါးရ ဘာလို့လဲ ဆရာညအိပ်တာ မကြိုက်လို့လား "
ရိပေါ နံနံပင်ယူကာ ရှောင်ကျန့် ပန်းကန်ပေါကို ထည့်ပေးကာ သူလည်း ထည့်လိုက်တယ် ။ သူကိုယ်သူ ထည့်ပေးလိုက်မှန်း အသိပေါပင် မရပေ။
" ငါကမကြိုက်စရာလားကွ ။ မင်းတစ်ခုခု လုပ်ရင် သားရှောင်းကျန့်ကို တိုင်ခိုင်မလို့ "
"အဲ့တာတော့ စိတ်မပူပါနဲ့ ။ ရိပေါလေးက ဉာဏ်ကောင်းပါတယ် နော် ဟုတ်တယ်နော် ရိပေါ "
YOU ARE READING
ဆရာ့ရင်ခွင်.....
Romanceမချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသွားခဲ့ရတာလဲ မချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသြားခဲ့ရတာလဲ