ဆရာ့ ရင်ခွင်......( အပိုင်း ၆)
မနက်ခင်းရဲ့ နေရောင်ခြည်စလေးတွေက ပြတင်းပေါက်ကြားက တိုးဝေ့လို့ မျက်နှာပေါ ကျရောက်လာတယ် ။ ရှောင်ကျန့် အရင်ကတည်းက စောစောနိုးနေကျမလို့ မျက်စိကို အသာအယာဖွင့်ကာ ဘေးဘီးဝဲယာကို ကြည့်လိုက်တယ် ။ ဟင် သူ့အခန်းလဲ မဟုတ်ပါလား ။ ဗိုက်ပေါက အရာတစ်ခု ။နည်းနည်း ထကြည့်ကာ ကြည့်လိုက်တော့ ဝမ်ရိပေါရဲ့ လက်တစ်စုံနဲ့ ခြေထောက်တစ်စုံဟာ သူရဲ့ ဗိုက်ပေါမာ ။ ချက်ချင်းဆိုသလို ခေါင်းထဲကို ဝင်လာတဲ့မေးခွန်းတွေ ။ ငါ မနေ့ညက ဒီမာပဲ အိပ်ပျော်သွားခဲ့တာလား ။ ရိပေါ နဲ့အတူ ဒီကုတင်မာ အိပ်ခဲ့တာလား။
ဘေးနားကနေ လှုပ်လှုပ်ရွရွ ဖြစ်လာတဲ့ သူကိုကြည့်လိုက်တော့ ဘုရားရေ ရိပေါက အကျီချွတ်ကြီး အောက်ပိုင်းကို မျက်စိက ရောက်သွားတော့ အတွင်းခံသရေပတ် စာတန်းလေးသာပေါနေပြီး ဂျင်းဘောင်းဘီ အရှည် ။ ကြည့်လို့တောင် မဆုံးသေး ။ ငုတ်တုတ်ထ ထိုင်လိုက်တဲ့ ရိပေါ ။
"အာ ဆရာ နိုးနေပြီပဲ ။ မနေ့ညက ဆရာ ထိုင်ခုံပေါမာ အိပ်ပျော်နေလို့ ကျွန်တော် ရွေ့လာတာရယ်"
ရှောင်ကျန့် ခေါင်းသာ အသာအယာ ငြိမ့်ပြလိုက်ပြီ ကုတင်ပေါက ဆင်းလိုက်တယ် ။
ရိပေါလည်း မနေ့ညကအကြောင်း ခေါင်းထဲ ဝင်လာတယ် ။ မနေ့ညက
ရိပေါ ည 11 နာရီ အိမ်ကို ကုတ်ချောင်း ကုတ်ချောင်း ပြန်ဝင်လာလေတယ် ။ ဝရန်တာဖက်ကို တွယ်ကပ်ကာ အခန်းထဲကို ဝင်လာတော့ ထိုင်ခုံပေါမာ မဲမဲကြီးနဲ့ ဘာကြီးလဲဟ ။ ခြေသံ ကို ဖွဖွ နင်းကာ ထိုင်ခုံနားကို ကပ်ကြည့်လိုက်တော့ အမလေး မြတ်စွာဘုရား ဆရာ မပြန်တေးဘူးလား ။ သေချာကြည့်တော့မှ ထိုင်နေရင်း အိပ်ပျော်သွားတယ် ထင်တယ် ။ သူလည်း အိပ်ချင်နေတာနဲ့ ဆရာကို ရုပ်ရှင်ထဲကလို ပွေ့လိုက်တယ် ။ အံမယ် လေးမယ်ထင်နေတာ ပေါ့ပေါ့လေးပဲ မျက်နှာကို ကြည့်လိုက်တော့ နှုတ်ခမ်းလေး ဟစိဟစိ နဲ့ လည်ဇလုတ်လေးက ထင်ပေါနေတယ် ။ ထိုအချိန် ရေဆာသလိုလို သေးပေါက်ချင်သလိုလို တွေးလို့တောင် မဆုံးတေး ။ သူ့မျက်နှာက ဆရာ့နားကို ရောက်သွားတယ်။ နှုတ်ခမ်းလေးကို ငုံနမ်းမဲ့အချိန် What the Fuck!! ရိပေါ မင်းဘာလုပ်နေတာလဲ ။ စိတ်ကိုလျော့ အသက်ကို ပုံမှန်ရူ စိတ်အေးတော့မှ ကုတင်ပေါကို အသာအယာ ချပေးလိုက်တယ် ။ သူလည်း ပူလိူ့ဆိုပြီး အကျီကို ချွတ်ပြီ ဆရာဘေးနားမာ ဝင်အိပ်လိုက်တယ် ။ ဟင်း ထင်တာမမှားဘူးဆိုရင် ငါဆရာ့ပေါမာ တစ်ခုခုတော့ တစ်ခုခုပဲ ။
YOU ARE READING
ဆရာ့ရင်ခွင်.....
Romanceမချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသွားခဲ့ရတာလဲ မချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသြားခဲ့ရတာလဲ