ဆရာ့ ရင်ခွင်....... ( အပိုင်း ၂ )
ရှောင်ကျန့်လည်း လာတုန်းက အကောင်း အဲ့ကောင်လေးနဲ့ တွေ့တော့မှပဲ လူတစ်ကိုယ်လုံး ညစ်ပတ်သွားတာပဲ ။ လမ်းသွားရင် ဟိုလူက ကွက်ကြည့် ဒီလူက ကွက်ကြည့်နဲ့ ရှက်လွန်းလို့ ထီးကို မျက်နှာကွယ်အောင် ဆောင်းရတယ် ။ ကျစ် ဒီနေ့ ရှောင်ကျန့်ဖို့တော့ ပြသဒါးနေ့ ပဲ ။
ကျယ်ဝန်းလှတဲ့ အိမ်ကြီးထဲကို ဝင်လိုက်တော့ မားရဲ့အသံ ။ ဘယ်သူနဲ့ ဖုန်းပြောနေလဲတော့ မတိဘူး ။
"အော် ဟုတ်ပြီ သားကို နက်ဖြန်ပို့လိုက်မယ်နော် ။ တို့သားက အသင်အပြကောင်းတေ့ာ သားလေးဒီနေ့ နှစ်ချင်းပေါက် အောင်စေရမယ် ....အင်း အင်းး ဒါပဲနော် ဟုတ်ပြီ ဟုတ်ပြီ "
ရှောင်မာ ဖုန်းကို ချကာ အိမ်ရှေ့ကို ကြည့်လိုက်တော့
"အမလေး မြတ်စွာဘုရား လန့်လိုက်တာ သား ဘာဖြစ်လိုက်တာလဲ မျက်နှာမာလည်း ရွံတွေနဲ့ "
ရှောင်မားလန့်လည်းလန့် ရီလည်းရီချင်နဲ့ ။ သူ့သားက ချစ်စရာလေးတော့ ဖြစ်နေတာ အမှန် ။ ဒီလိုအရိုက်ကြမ်း စည်းကမ်းကြီးတဲ့ သူ့သားကို ဘယ်သူကများ ဒီလိုဖြစ်အောင် လုပ်လိုက်တာပါလိမ့် ။
"လမ်းထပ်နားမာလည်း ဘယ်လို ကောင်လေးလည်း မတိဘူး။ ဆိုင်ကယ်ကို အကြမ်းပတမ်း မောင်းလာတာ အဲ့မာ ဗွက်အိုင်ကို တက်မောင်းချလိုက်တေ့ာ ဘေးနားက သားက်ို လာစင်တယ်လေ ။ အဲ့တာနဲ့ သားလည်း နည်းနည်းပါးပါးလေး ဆုံမပြလိုက်တော့ သားကို ဘုကြည့်ကြည့်ပြီး မောင်းချသွားတာ..... "
နှုတ်ခမ်းကို တတောင်လောက် စူထော်ထားတော့ ဘဲနှုတ်သီးလေးနဲ့ တူတောင်တူနေတယ် ။ ရှောင်မား ပြုံးစိစိ လုပ်ကာ
"ကောင်လေးက ငယ်တေးလို့ ဘာမှ မသိတာတာနေမာပါ အော် ဒါနဲ့ မားသူငယ်ချင်းလေ သူ့သား 10 တန်းကို တဖုံးဖုံးကျတော့ ဒီနှစ်ကိုတော့ အောင်စေချင်တယ်တဲ့ မားလည်း သားလေးက 10 တန်းတွေကိုလည်း စာပြပေးတယ်ဆိုတော့ သူသားကိုလည်းသင်ပေးပါတဲ့ အဲ့တာ သား.. သွားပြီး သင်ပေးနိုင်မလား"
"10 တန်းဆိုရင်တော့ရပါတယ် ။ နက်ဖြန်လောက်သွားပြီး အချိန်ညှိကြည့်လို့ သူတို့ဘက်က အဆင်ပြေတယ်ဆိုရင်တော့ သားသင်ပေးပါ့မယ် ။ ဒါနဲ့ ကောင်လေးနာမည်က ဘယ်သူလဲ မား"
YOU ARE READING
ဆရာ့ရင်ခွင်.....
Romanceမချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသွားခဲ့ရတာလဲ မချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသြားခဲ့ရတာလဲ