Part - 11

600 34 2
                                    

ဆရာ့ရင်ခွင်..... ( အပိုင်း ၁၁)

အချိန်အနည်းငယ်ကြာလာတော့ လပတ်စာမေးပွဲ ရောက်လာတော့တယ်။ ကျောင်းသားတစ်ချို့ကတော့ စာမေးပွဲနီးမှ မိတ္တူတွေဆွဲ စာတွေကုန်းကျက် ။ 10 တန်းဆိုတာသိပ်အရေးပါလွန်းတယ်မလား။ ပတ်ဝန်းကျင်က 10 မအောင်ရင်အထင်မကြီးတဲ့အမျိုး။

ဒါပေမဲ့ ဝမ်ရိပေါတို့အချိုးပြောင်းနေပြီ ။ စာတွေကျက်လာတယ်။ အိမ်စာတွေ မှန်မှန်ရေးတယ်။ သူ လပတ်စာမေးပွဲမှာ All A ရရင် ဆရာနဲ့အတူပန်းခြံသွားရမယ်မလား။ မားမားတောင် အံ့သြနေပြီ ဒီကလေး ဒီလောက်တောင်ပြောင်းလဲသွားတာလဲဆိုတာကိုး။ ပါးပါးကတော့ ပြုံးပြုံးကြီး။ အရမ်းကြီးလည်းမမျှော်မှန်းထားဘူး ။အောင်ရုံပဲဆိုရင်တောင်ရပြီ။

" သား ဘိုဘို ရော့လက်ဖက်သုတ် လေးစား ။စာတွေတအားမလုပ်နဲ့နော် လပတ်ပဲရှိသေးတာမလား "

" ကြိုးစားရမယ် မားမားရ ။သား ဒီအပတ်မှာ All A ရရင် ဆရာက ပန်းခြံလိုက်ပို့မှာ "

" ဟုတ်လား "

" ဟုတ်တယ် "

ဆိုပြီး ခေါင်းပြန်ငုံ့တာ စာပြန်ကျက်နေသည်။ ဝမ်ရ်ပေါအမေတစ်ယောက် သူ့သားကိုကြည့်ကာပြုံးနေသည်။ ပါးလေးဖောင်းဖောင်းနဲ့ ရီလိုက်ရင် သွားတန်းညီညီလေးတွေ မျက်နှာကလည်းပြောင်သလားမမေးနဲ့ အဖေကိုတောင်ပြန်နောက်သေးသည်။ ဟိုက ဟေ့ကောင်ဆိုပြီး ဆူပေမဲ့လည်း ပြုံးနေတာ သူသာအသိ။ မိခင်တစ်ယောက်အနေနဲ့ သားကို လူတော်တစ်ယောက်သိပ်ဖြစ်စေချင်သည်။ သားကျန့်ကြောင့် အခုလိုတွေပြောင်းလဲသွားတာ။ သားကျန့်ကို သိပ်ကျေးဇူးတင်ပါသည်။

သူလည်း အခန်းတံခါးကိုဖြည်းဖြည်းပိတ်ကာ ဘုရားရှိခိုးဖို့ သွားတေ့ာသည်။

--------------------------

" သား မင်းမှာ ချစ်တဲ့သူမရှိ​သေးဘူးလား "

အကြပ်ရိုက်သွားရသည် ရှောင်းကျန့်။သူ့အသက် ၂၃ အထိ ဘယ်သူကိုမှ မချစ်မိ​သေး။ အပူမရှာတာလည်းပါမယ်။ ဖြစ်နိုင်ရင်အိမ်ထောင်ရေးကိစ္စတွေ သူမလုပ်ချင် ။

" သားတစ်ယောက်တည်း အေးဆေးနေချင်​သေးတယ် ပါးပါး "

" အေးပါ အေးပါ ။ချစ်တဲ့သူတွေ့ရင် ခေါလာခဲ့ သင့်တော်သလား မသင့်တော်သလား ပါးကြည့်ပေးမယ်။ ကြားလား သား "

You've reached the end of published parts.

⏰ Last updated: Sep 15, 2021 ⏰

Add this story to your Library to get notified about new parts!

ဆရာ့ရင်ခွင်..... Where stories live. Discover now