ဆရာ့ .......ရင်ခွင် ( အပိုင်း ၈)
စာသင်ချိန်ပြီးသွားတော့ ရှောင်းကျန့် စာအုပ်တွေသိမ်းကာ နေ့လည်စာစားဖို့ အတွက် နားနေခန်းကို ထွက်ခဲ့တော့တယ် ။ နားနေခန်းရောက်တော့ ရှောင်ရှင်းချန် ဘေးမာ ထိုင်ကာ ပါလာတဲ့ ထမင်းချိုင့်ကို ဖွင့်ကာ စားနေလိုက်တယ် ။
"ဘယ်လိုလဲ ရှောင်ကျန့် စာသင်ရတာ အဆင်ပြေလား"
"ပြေပါတယ်ကွာ ။ သိတဲ့အတိုင်း ဒီလိုအရွယ်တွေက စိတ်ကစားတတ်တဲ့အချိန်ဆိုတော့ ရီးစားတကားကားနဲ့ စာကိုဆို စိတ်မဝင်စား။ ဆရာဆိုသည့်အတိုင်း ချော့တလှည့် ခြောက်တစ်ခါပေါ့ကွာ ။"
"ဟုတ်တယ် ။ရှောင်ကျန့်ရေ အခုခေတ်ကလေးတွေ မလွယ်ပါဘူးကွာ"
"ဒါနဲ့ ရှင်းချန် ဟိုကောင်လေးနဲ့ အခြေအနေကကော"
ရှောင်ကျန့် ထမင်းစားနေရင်း ရှင်းချန် ကိုပြောလိုက်တယ် ။ဟိုကောင်လေးဆိုတာနဲ့ မျက်နှာမာ ရှက်စိတ်တွေကော ဒေါသတွေကော လွှမ်းခြုံသွားတော့တယ် ။
"မပြောစမ်းပါနဲ့ ။ရှောင်ကျန့်ရာ အသက်ကကြည့်တော့ ၁၈ ရီးစားတွေ ထားတာများ မှိုလိုပေါက် ။ ဒီကြားထဲ ငါကိုပါ ရီးစားစကားလိုက်ပြောတေးတယ် ။ မလွယ်ပါဘူးကွာ"
"အေးကွာ ။ မင်းပြောလည်းပြောချင်စရာ။ "
တိတ်ဆိတ်သွားပြန်တယ် ။ရှောင်ကျန့်လည်း ထမင်းကို ကုန်အောင်စားကာ မေးခွန်းစာရွက်တွေ ထုတ်နေလိုက်တယ် ။ ရှောင်ရှင်းချန်ကတော့ သူစာသင်ချိန် ရောက်နေတာကြောင့် ထွက်သွားလေတယ် ။ ဒီနေ့ကတော့ ရှောင်ကျန့်အတွက် စာသင်ချိန် မရှိ။ ညနေ ရီပေါတို့ အိမ်သွားပြီး စာသင်ရင် ဒီနေ့တစ်နေ့ ပြီးသွားပြီ ။
ဖတ်စာအုပ်ထဲက မေးသင့်တဲ့ မေးခွန်တွေကို ရှာပြီး A4စာရွက်ပေါမာ ချရေးထားလိုက်တယ် ။နက်ဖြန်ကြရင် အစမ်းစာမေးပွဲ ဖြေရလိမ့်မည် ။ ကျင်းလင်တို့ကိုလည်း သေချာ မှာထားတယ် ။စာကျက်ဖို့အတွက် ။ ညနေကြရင်လည်း ရီပေါကို မှာရအုံးပေမည် ။ အချိန်ကိုကြည့်လိုက်တော့ နည်းနည်းနောက်ကျနေပြီဖြစ်တာကြောင့် လုပ်လက်စကို အပြီးသတ်ကာ ကျောင်းမှ ထွက်လာလိုက်လေတယ် ။
YOU ARE READING
ဆရာ့ရင်ခွင်.....
Romanceမချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသွားခဲ့ရတာလဲ မချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသြားခဲ့ရတာလဲ