○ဆရာ့ ရင်ခွင်........ ( အပိုင်း ၁)
"လူကြားလို့မှ ကောင်းကြရဲ့လား ရိပေါ"
ခမ်းနားလှတဲ့ ဧည့်ခံထဲမာ ဟိန်းကနဲ ထွက်လာတဲ့ ပါးပါး အသံ။ 10 တန်းလေး ကျတာကို အော်ကြီးဟစ်ကျယ်နဲ့ 10 တန်းဆိုတာက ဘဝကြီးမှ မဟုတ်တာ ။ ရုပ်လေးချော အပြောအဆိုလေးကောင်းရင် မောင်လေးရိပေါ မောင်လေးရိပေါဆိုပြီး ပါးစပ်ဖျားက ချကြမာ မဟုတ်ဘူး ။ ရိပေါ နားကြပ်တတ်ကာ သီချင်းသာ နားထောင်လိုက်တယ် ။
"ရိပေါငါပြောတာ ကြားရဲ့လား "
ပြန်ဖြေသံ မကြားရ ။ အောင်မံ သူက သီချင်းလေးတညဉ်းတညဉ်းနဲ့ ။ ငါကအရူးကြီး ကျနေတာပဲ ။
"မိန်းမ မင်းသားနားကြပ် ဖြုတ်လိုက်စမ်း "
ရိပေါ နားထဲက နားကြပ်ကို မားမား ဖြုတ်လိုက်တော့ ဆူပုတ်ပုတ်ရုပ်လေးနဲ့ လာကြည့်တယ် ။ မားမားက သူကို ပါးပါးစီ မျက်စိပစ်ပြလိုက်တော့ ခေါင်းလေးငြိမ့်ပြီး ဖြေရှာတယ် ။
"ကဲ မင်းဒီနှစ်ကို အိမ်မာ စာသင်မဲ့ ဆရာတစ်ယောက်ကိုခေါမယ် "
"ဟာ ပါးပါးကလည်း မသင်ချင်ဘူး"
ဆူပုတ်ပုတ်လေးနဲ့ ပြောကာ မားမားကို အကူအညီ တောင်းလိုက်တော့ မားမားကလည်း မတတ်နိုင်ဘူး ဆိုတဲ့ ပုံစံနဲ့ ။
"ဘာကို မသင်ချင်တာလဲ မင်း 10 တန်းကျတာ ဘယ်နှခါ ရှိနေပြီလဲ မသင်ချင်ရင် မင်းဆိုင်ကယ်လည်း မထိနဲ့"
"ဟ ပါးပါး ဒါကတော့ မတရားဘူးနော် babyလေးကိုတော့ မသိမ်းနဲ့ "
ဘယ်နှယ့် စာလေးမသင်ချင်တာကို baby ကိုပါ သိမ်းအူံးမယ်တဲ့ ။ စိတ်တွေလည်းညစ်ပါတယ် ။ ဖြစ်နိုင်ရင် စာသင်တဲ့အချိန်ကို ကျော်ပစ်လိုက်ချင်တယ် ။ ဘိုဘိုတို့က စာသင်ရင် ခေါင်းမူးတတ်တယ် ။
"မသိမ်းစေချင်ရင် စာသင်လေ ။ သူများသားသမီးတွေများ စာသင်ချင်ရင်တောင် သင်ခွင့်မရဘူး ။ မင်းမာ တတိုင်းရတဲ့ ဟာကို 10 တန်းလေးတောင် အောင်အောင် မဖြေနိုင်ဘူး ။ မင်းသူငယ်ချင်းတွေ တက္ကသိုလ် တတ်နေပြီ ။ မင်းမာ ဒီ10 တန်းကနေ မတတ်နိုင်ဘူး။ ဘော်ဒါဆောင်ထားတေ့ာလည်း အဆောင်က ညစ်ပတ်တယ် ။စာကျက်သံတွေကြောင့် စာကျက်လို့မရဘူးနဲ့ ။ အိမ်မာ ပြန်နေဆိုတော့လည်း မနေပြန်ဘူး ။ စာမေးပွဲ ဖြေတဲ့နေ့ကျရင် သားလေး ဖြေနိုင်လား ဆိုရင် ပါးပါး ဒီလောက်တော့ အပျော့ ။ ပြီးရင် ကျတာပဲ ။ မင်း "
YOU ARE READING
ဆရာ့ရင်ခွင်.....
Romanceမချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသွားခဲ့ရတာလဲ မချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသြားခဲ့ရတာလဲ