ဆရာ့ ရင်ခွင်...........(အပိုင်း ၁၀)
"ဝမ်ရိပေါ....."
"ဗျာ "
"မင်းဒါဘာလုပ်တာလဲ ရီပေါ"
ရှောင်ကျန့် အော်ထက်လိုက်တော့ မျက်နှာငယ်လေးဖြစ်သွားတဲ့ ရိပေါ ။ တတ်လည်း တတ်နိုင်တယ် ဒီကလေး ။
"ကျွန်တော် ဘာမှ မလုပ်ပါဘူး ။ ဒီတိုင်း ဒီတိုင်းလေးပဲ ကြည့်ရေးလိုက်တာ ဟီးဟီး ရိုက်နဲ့နော် ကျွန်တော်ကို "
"ရိပေါ ငါသင်တဲ့စာကို မင်းက နားမလည်လို့ ကြည့်ရေးတာလား ၊ဒါမှမဟုတ် မင်း မရလို့ကြည့်ရေးတာလား "
ရှောင်ကျန့် ခုံပေါမာ ပြန်ထိုင်ကာ စိတ်ကိုလျော့ပြီး အတတ်နိုင်ဆုံး အသံကို ထိန်းပြောလိုက်တယ်။
"ကျွန် ကျွန်တော် စာမကျက်ထားလို့ ကြည့်ရေးမိတာပါ ။ ဆရာ သင်တာ မကောင်းလို့မဟုတ်ပါဘူး"
ရိပေါ ထစ်ထစ်အအ နဲ့ပြောကာ ခေါင်းကို ငုံ့ထားလိုက်တယ် ။ရိပေါ ရှက်လည်း ရှက်ပါသည်။ သူကို စာမရတဲ့ သူဆိုပြီး ဆရာ မထင်စေချင်လ်ို ။ စာကျက်မယ်ဆိုတော့ကားလည်း ခေါင်းတွေကိုက်လာ။ ဟိုကောင်တွေက ဂိမ်းဆော့မယ်ဆိုပြီး လာခေါတော့ စိတ်ပြေလက်ပျောက် ဆော့လာကာ ညနေအထိပါပဲ ။ စာသင်ချိန် မရောက်ခင်နီး လက်မာ စာအနည်းငယ်သာ ရေးထားလိုက်တယ် ။ သူ ဆရာဖြေခိုင်းသည့် စာမေးပွဲကျရင် အထင်သေးမာပေါ့ ဆရာက ။ တစ်ချက်ခုတ် နှစ်ချက်ဖြတ် ဆိုသည့်အတိုင်း သူစာလည်းဖြေနိုင် ဆရာကလည်း ချီးကျူး အခုတော့ ပေါတင်ကို မိတာပါပဲ ။
"ဟူး.........ရိပေါ ဒီတစ်ခါ ငါခွင့်လွှတ်လိုက်မယ် ။ နောက်တစ်ခါ ထပ်ဖြစ်ရင် မလွယ်ဘူးနော် ။ အခု မင်းမာ အပြစ်ရှိလား မရှိဘူးလား"
ရှောင်ကျန့် သက်ပြင်းယဲ့ယဲ့လေးချကာ အသံအေးအေးလေးနဲ့ပြောလ်ိုက်တယ် ။
"ရှိပါတယ် ဆရာ"
"အဲ့ဆို အပြစ်ပေးတဲ့အနေတဲ့ ဒိုက်၂၀ခါ ထိုး"
"ဟင်"
"မဟင်နဲ့ ။ ငါ ကြိမ်လုံးနဲ့လည်း မရိုက်ချင်ဘူး ။ မင်းလည်း အရွယ်ရောက်လာတော့မာ အခုချိန်ထဲက အားကစားလုပ်ထားရင် မင်း ခန္ဓာကိုယ် ကြံ့ခိုင်လာမာ "
YOU ARE READING
ဆရာ့ရင်ခွင်.....
Romanceမချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသွားခဲ့ရတာလဲ မချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသြားခဲ့ရတာလဲ