Part - 5

630 38 4
                                    

ဆရာ့ ရင်ခွင်.... အပိုင်း (၅)

" အား မားမားရေ..... "

အသံအကျယ်ကြီး ရိပေါ အော်လိုက်တော့ တစ်အိမ်လုံး ဗြောင်းဆန်သွားတာ အမှန် ။ရှောင်ကျန့် နားအူးတွေ​တေ့ာ နားကိုပိတ်လိုက်သည် ။ ခနအကြာ ရိပေါ မား ရောက်လာပြီ ဘာဖြစ်တာလဲဆိုတာ ကို မေးတော့တယ် ။ မေးတော့ ရိပေါက ဆူပုတ်ပုတ်လေးနဲ့

"မားမား သားကို ဆရာ ရိုက်တယ် "

သိပ်တောင် အား မစိုက်လိုက်တဲ့ဟာကို သူကပဲ အရင် ဉီးအောင် တိုင်ရသေး။ လုပ်ထားတဲ့ အပြစ်ကြတော့ သူ့မား မသိအောင်ဖုံးတယ် ။ ဟင့် ရှောင့်ကျန့်ကို ဒါမျိုး လာချိုးလို့ရမလား ။ ကျောင်းက လက်သံတာ ရိုက်လိုက်ရတော့ သချီးယိုးဒယား ကသွားမယ် ။

"အန်တီ ကျွန်တော် ရှင်းပြပါ့မယ် ။ ရိပေါကို မနေ့က အိမ်စာတွေ လုပ်ခိုင်းထားတာ အဲ့တာ မလုပ်လို့ ရိုက်လိုက်တာပါ ။ "

သူပြောလိုက်တော့ သူကို မျက်စောင်းကထိုးပြီး ဟိုဘက်လှည့်သွားသေးတယ် ။

"သားဘိုဘို အိမ်စာမလုပ်ဘူးလား။ မင်းပါးပါး သိရင် ဒီထက်ဆိုးမယ်နော်။ သားရေ သူကို သေချာလေးဆုံးမပေးပါအုံး။တကယ်လို့ ရိုက်ခံရလို့ တစ်ခုခုဖြစ်သွားရင် အန်တီတို့ ဆေးကုပေးမယ် ။ ဒီကလေးက အလိုလိုက်ခံရလွန်းလို့ ဆိုးနေတာ
"
ရှောင်ကျန့်ကို အပြုံးလေးနဲ့ လာပြောတော့ ခေါင်လေးသာ ငြိမ့်ပြလိုက်တယ် ။ ရိပေါဘက်ကို ကြည့်လိုက်တော့ မျက်ထောင့််နီကြီးနဲ့ စိုက်ကြည့်နေတေးတယ် ။ ဒီကလေးကို ဘယ်လိုမ​ျိုး ကိုင်တွယ်ရမလဲ။

"အော် သား ခနနေရင် အောက်ဆင်းခဲ့ ထမင်းစားကြမယ်လေ ။ သားရော ဗိုက်ဆာနေမာပေါ့ ။ ဘိုဘိုနဲ့ အတူ အောက်ဆင်းခဲ့ သား"

"အာ ရပါတယ် ။ ကျွန်တော် မစားတော့ပါဘူး ။ အားနာစရာတွေ ဖြစ်ကုန်မယ် "

ရိပေါ စိတ်ထဲကနေ စားချင်ရင် စားချင်တယ်ပေါ့။ ဘာလဲ မစားဘူး ဘာညာနဲ့ နောက်ပြီး မားမားအတင်းခေါရင် စားရမာပဲကို ။ အိုက်တင်က ခံသေး။ ဒီလူကြီး ပြုံးလိုက်ရင် တကယ်ချောတာပဲ ။ နေပါအုံး နှုတ်ခမ်းနားက ဘာလေးတုန်း ။ ရိပေါ ပြူးပြဲ ကြည့်လိုက်တော့ ဟက် မှဲ့ကလေးပဲ ။ အံမယ် အံမယ် ပါးချိုင့်ရေးရေးလေးက ပါလိုက်သေး ။ ငါက ဘာလို့ သူလို မချောရတာတုန်း ။ နေနှင့်အုန်း ငါလည်း ရှိုင်းအုံးမယ်။

ဆရာ့ရင်ခွင်..... Where stories live. Discover now