ဆရာ့ ရင်ခွင်...........( အပိုင်း ၉)
မနက်ခင်းရောက်တော့ ရှောင်ကျန့် ထုံးစံအတိုင်း ရေမိုးချိုး အကျီကို သေချာဝတ်ကာ စားပွဲခုံပေါမာ တင်ထားတဲ့ မေးခွန်းစာရွက်တွေကို အိတ်ထဲထည့်ကာ အိမ်အောက်သို့ ဆင်းလာတယ် ။ ညတုန်းက မေးခွန်းတွေထုတ်ကာ တော်တော်ပင် နောက်ကျသွားလေတယ် ။ ခေါင်းနည်းနည်း ကိုက်နေတော့ သံပုရာဖျော်ရည် ထည့်သွားရမည် ။
"ဟာ သား ကျောင်းသွားတော့မလ်ို့လား"
ကော်ဖီသောက်နေတဲ့ ပါးက လှမ်းပြောလေတယ် ။
"ဟုတ် ပါး ဒါနဲ့ မားကော "-
"မင်းမား စျေးသွားဝယ်တယ် ၊ လာထိုင်လေ"
"မထိုင်တော့ဘူး ပါး ဒီနေ့ စာမေးပွဲဖြေရမဲ့ရက် အဲ့တာ စောစောသွားရမယ် ။"
"အေးအေး"
ပါးလည်း ဘာမှမပြောတော့ပဲ ကော်ဖီကိုသာ ဆက်သောက်နေတေ့တယ်။ ရှောင်ကျန့် မီးဖိုခန်းထဲ ဝင်သွားကာ သံပုရာရည်ဖျော်လိုက်ကာ ဓာတ်ဗူးထဲ ထည့်လိုက်တယ် ။နောက်တော့ ပါးကို နှုတ်ဆတ်ကာ ကျောင်းကိုသာ ထွက်လာတော့တယ် ။
~~~~~~~~~~~~~~
ကျောင်းခန်းထဲဝင်တော့ တစ်ခန်းလုံး စာကျက်သံတွေချည်း ရှောင်ကျန့်ကို မြင်တော့ အပ်ကျသံပင် မကြားရအောင် အားလုံးတိတ်ဆိတ်သွားတော့တယ်။ ထိုင်ခံပေါမာ ထိုင်ကာ
"ကဲ အားလုံးပဲ လက်သံရှည် 7 ကို ရောက်တာနဲ့ စာစဖြေမယ်။ အခုပေးထားတဲ့ 10 မိနစ်မာ စာကို သေချာကြည့်ကြ "
"ဟုတ်"
ရှောင်ကျန့် အိတ်ထဲက သံပုရာရည်ကို ဖွင့်သောက်ကာ စောင့်နေလိုက်တယ်။ တစ်ခန်းလုံးကို ကြည့်လိုက်တော့ နောက်ဆုံးတန်းက ကျင်းလင် ဘယ်ကိုရောက်နေတာလဲ ။ နာရီကိုကြည့်လိုက်တော့ ကျောင်းတောင်တတ်တော့မယ်။ ဒီကောင်လေး ဘယ်ကို သဝေထိုး နေတာပါလိမ့်။
ဖြန်း ဖြန်း...................
ကြိမ်လုံးနဲ့ စားပွဲခုံပေါကို ရိုက်လိုက်တော့ အလိုက်သတိပင် လွယ်အိတ်ထဲကို စာအုပ်တွေထည့် အပြင်မာ လွယ်အိတ်တွေကို ထားကာ ခုံပေါမာ နေရာတကျ ထိုင်နေကြတယ်။
YOU ARE READING
ဆရာ့ရင်ခွင်.....
Romanceမချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသွားခဲ့ရတာလဲ မချစ်ရင်မချစ်ဘူးလို့ ဒဲ့ငြင်းလိုက်ပါလား ဆရာရယ် ...... ဘာလို့ လူကို မျှော်လင့်ချက်တွေပေးပြီး ထားသြားခဲ့ရတာလဲ