ရှီးချန် - အားချန် နိုးပြီလား။ မနက်စာ လာစား။
ကျန်းချန် - မစားဘူး။ ကျွန်တော် အပြင်သွားလိုက်အုံးမယ်။
ထိုတစ်ခွန်းသာ ပြောပြီး ကျန်းချန် တိုက်ခန်း မှ ထွက်လာလိုက်သည်။ အခုဆို သူ့မှာ ဘာဆိုဘာမှ မရှိတော့ဘူး။ မား ကလည်း ကျွန်တော့်ကို အမွေပြတ်တဲ့ ပါးရောဘဲ။ ဒါတွေ အားလုံး က အန်နာ ကြောင့်။ သူသာ မလုပ်ခဲ့ရင် အခုချိန် ၀မ်းချင်နဲ့ ကျွန်တော် ပျော်ရွှင်နေရပြီ။
ရုံးနားက ကော်ဖီဆိုင်မှာ အဆာပြေစားပြီး ရုံးထဲဝင်လာလိုက်သည်။ ၀င်ဝင်ခြင်း လူအများရဲ့ တီးတိုးပြောဆိုနေကြတာတွေက မကြားချင်မှ အဆုံး။
ဝေ့ - လာပြီလား အားချန်။ ညက ဘယ်မှာ အိပ်တာလဲ။
ကျန်းချန် - လန်ဟွမ့် ရဲ့ အိမ်မှာ။
ဝေ့ - ရှေ့ဆက်ပြီး ဘယ်လို ဆက်လုပ်မှာလဲ။ ရှီးချန်ကောက မင်းကို လက်ထပ်မယ်ဆို။
ကျန်းချန် - အင်း သူလက်ထပ်မှ ရမှာလေ။ သူကြောင့် ငါ့ဘ၀ကြီး ပျက်စီးခဲ့တာ။
ဝေ့ - တစ်ဖက်သတ်အတွေးတွေ မတွေးစမ်းနဲ့ အားချန်။ တကယ်ဆို ရှီးချန်ကော က မင်းနဲ့ အန်နာ ပြိုင်တဲ့ ပွဲမှာ မြေစာပင် ဖြစ်ခဲ့ရတာ။ ပြီးတော့ မင်းတို့ နှစ်ဦးသဘောတူပြီး အိပ်ယာပေါ်ရောက်ခဲ့ကြတာလေ။ အဲ့ ပုံတွေနဲ့ဘဲ မင်း အန်နာကို အနိုင်ပိုင်းခဲ့တယ်ဆိုတာ သိပါအုံး။
ကျန်းချန် - မသိတော့ဘူးဗျာ။ အခုချိန် ရင်ထဲ မွန်းကြပ်တာဘဲ သိတယ်။
ဝေ့ - မဆိုးနဲ့တော့ အားချန်။ အသက်ကဖြင့် ငယ်တော့တာ မဟုတ်ဘူး။ ခနနေ အစည်းအဝေးရှိတယ်။ ပြင်ဆင်ထားလိုက်။
ကျန်းချန် - အင်း!
အစ်ကိုဖြစ်သူ ထွက်သွားမှ ဖိုင်တွဲတွေကိုစိတ်မပါပါတပါ နဲ့ လှန်လျော ကြည့်နေလိုက်သည်။ ရှေ့ဆက်ပြီး ဘ၀ကြီးက ဘယ်လို ဖြစ်အုံးမယ် မသိဘူး။
ကျန်းချန် - အန်နာ အန်နာ မင်းကြောင့် ငါ့ဘ၀ကြီးက ပျက်စီးရသလို မင်းအရမ်းချစ်တဲ့ လန်ဟွမ့် ရဲ့ နှလုံးသား ကိုလည်း ငါ နင်းချေပြမယ်။
%
%
%
- ဟဲ့ အန်နာ နင့်အစ်ကို မင်္ဂလာပွဲမှာ အဲ့လိုလုပ်လိုက်တော့ ရှီးချန်ကော နဲ့ နင့်အစ်ကို လက်ထပ်သွားရင်ရော
YOU ARE READING
သူရဲ့အချစ် /သူရဲ့အခဈြ {Zawgyi & Uni} [ Completed]
FanfictionStarted - 19.11.202{Thu} Ended - 6.2.2021 {Sat} လန်ဟွမ့် (ရှီးချန်) မင်း အရမ်းရက်စက်တယ် အားချန်ရာ။ မင်း မရှိရင် ကိုယ်ဘယ်လို အသက်ဆက်ရှင်ရမှာလဲ။ ကိုယ် ဘက်ကို ကျတော့ မင်းအတွေးပေးဘူး။ ကျန်ရစ်ခဲ့သူ နဲ့ ထွက်သွားခဲ့သူမှာ ကျန်ရစ်ခဲ့သူက ပိုပြီး နာကျင်ရတယ်။ မ...