🔞🔞🔞Warnning🔞🔞🔞
လန်ကျန့် ရဲ့ တိုက်တွန်းချက်ကြောင့် လန်ရှီးချန် ကို ဂျပန်ပို့ပစ်လိုက်သည်။ ထိုကိစ္စကြောင့် ရှီးချန် မှာ ညီဖြစ်သူကို စိတ်ဆိုးရအခက်!
အခုဆို ဂျပန်ရောက်နေတာ ၆ လလောက်ရှိပြီ။ အားချန် နဲ့တော့ ဖုန်းနဲ့ဘဲ ဆက်သွယ်ဖြစ်သည်။ တစ်ပတ်မှာ တစ်ရက်! ဒါကလည်း ကျွန်တော်ဘက်က စဆက်သွယ်မှ ပါ။ အားချန် ဘက်က လုံးဝ မဆက်သွယ်။
- China မှာ ကျန်ခဲ့တဲ့ချစ်သူကို လွမ်းနေတာလား။
ကြားဖူးနေတဲ့ အသံလေးမို့ နောက်လှည့်ကြည့်လိုက်တော့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေတဲ့ အားချန်!
ရှီးချန် - အားချန်! ဘယ်လိုရောက်လာတာလဲ။
ကျန်းချန် - ၀မ်းချင် ဂျပန်ကိုလေ့လာရေးခရီးထွက်လာတယ်ဆိုတာကြောင့် လာတွေ့ရင်း လန်ဟွမ် ကိုပါ ၀င်တွေ့တာ။
ရှီးချန် - အော်! လက်စသတ်တော့ ၀မ်းချင်ကြောင့်ကို။
ကျန်းချန် - မနက်ဖြန် ကျွန်တော်ပြန်တော့မှာ။ လေဆိပ် လိုက်ပို့မယ်မလား။
ရှီးချန် - ပြန်တော့မှာ ဒီနေ့မှ ရောက်တာ မဟုတ်ဘူးလား။
ကျန်းချန် - မဟုတ်ဘူး လန်ဟွမ်။ ကျွန်တော် ရောက်နေတာ ၁ပတ်ရှိပြီ။ ဒီနေ့မနက်ဘဲ ၀မ်းချင်တို့ ပြန်သွားကြပြီမို့ ကျွန်တော် ခင်ဗျားဆီ လာတာ။ အလုပ်တွေ ပြီးပြီလား။ ကျွန်တော် ဗိုက်ဆာနေပြီ။ မနက်ကတည်းက ဘာမှ မစားရသေးဘူး။
လက်မှာပတ်ထားတဲ့ နာရီကို တစ်ချက်ကြည့်ပြီး
ရှီးချန် - ထ နေ့လည်စာ သွားစားမယ်။ နေ့လည် ၂နာရီကျရင် အစည်းအဝေးရှိလို့။
ကျန်းချန် - ဒီနေ့ ခင်ဗျား ကျွန်တော့်ဘေးမှာ နေပေးလို့ မရဘူးလား။
ရှီးချန် - အစည်းအဝေးပြီးရင်တော့ ရတယ်။
ကျွန်တော့် ကို မကြည့်ဘဲ တစ်ဖက်ကို မျက်နှာလွှဲကာ ပြောနေတဲ့ သူကြောင့်
ကျန်းချန် - အဲ့ အစည်းအဝေး က ကျွန်တော့်ထက် ပိုအရေးကြီးသလား။
ရှီးချန် - အားချန်!
ကျန်းချန် - ရတယ် အဲ့ အစည်းအဝေးက ကျွန်တော့်ထက် အရေးကြီးတယ် မလား။ အဲ့ အစည်းအဝေးဘဲ သွားလုပ်ချည်း။ ကျွန်တော်လည်း ပြန်တော့မယ်။
YOU ARE READING
သူရဲ့အချစ် /သူရဲ့အခဈြ {Zawgyi & Uni} [ Completed]
FanficStarted - 19.11.202{Thu} Ended - 6.2.2021 {Sat} လန်ဟွမ့် (ရှီးချန်) မင်း အရမ်းရက်စက်တယ် အားချန်ရာ။ မင်း မရှိရင် ကိုယ်ဘယ်လို အသက်ဆက်ရှင်ရမှာလဲ။ ကိုယ် ဘက်ကို ကျတော့ မင်းအတွေးပေးဘူး။ ကျန်ရစ်ခဲ့သူ နဲ့ ထွက်သွားခဲ့သူမှာ ကျန်ရစ်ခဲ့သူက ပိုပြီး နာကျင်ရတယ်။ မ...