💘41💘 {Z & U}

233 35 15
                                    

ရှီးချန် ကျန်းအိမ်တော်ကို ရောက်တော့ ဘယ်သူ့ကိုမှ မတွေ့!

ရှီးချန် - ဘယ်သူမှ မရှိကြဘူးလား။

ကိုယ့်ဘာသာပြောပြီး ကိုယ့်ဘာသာ ချစ်ရသူ ရှိမဲ့ အခန်းကို တတ်လာလိုက်သည်။ အခန်းထဲ ရောက်တော့လည်း ချစ်ရသူကို မတွေ့ ၊ ရေချိုးခန်း ၊ ၀ရံတာ၊ အ၀တ်လဲခန်း အကုန်မွှေနှောင်ရှာလည်း မတွေ့!

ရှီးချန် - ခနကတောင် မင်ဂျွယ်ဆီ ဖုန်းဆက်နေသေးတာကို။ အား!! ဒဏ်ရာက နာတာ။ သူ့ကို ဆေးထည့်ခိုင်းပါမယ် ဆိုနေမှ။ ဝှား အိပ်ချင်လိုက်တာ။ တစ်ရေးလောက် အိပ်လိုက်အုံးမယ်။

ကုတင်ပေါ်တတ်ကာ အားချန် ရဲ့ ခေါင်းအုံးလေးကို ရင်ခွင်ထဲ ထည့်ပြီး ပင်ပန်းသမျှကို အိပ်စက်ခြင်းနဲ့ အနားယူလိုက်သည်။

ကျန်းချန် - အဘရေ ဒီဘက်က နှင်းဆီတွေ ခူးပေးပါအုံး။

အနောက်ဘက်ခြံထဲမှာ အိမ်ရှိ အလုပ်သမား အကုန်လုံးနဲ့ အလုပ်ရှုပ်နေသော ကျန်းချန်! အနောက်ဘက်ခြံ နဲ့ အိမ် နဲ့က တော်တော်ဝေးသည်။ ပြီးတော့ သစ်သီးပင်အကြီးကြီးတွေ နဲ့ ကွယ်နေတာမို့ မြင်နိုင်ဖို့ကလည်း မလွယ်။

ကျန်းချန် - အဲ့ အသီးတွေက မှည့်နေပြီ
ခူးဖို့ တောင်းနဲ့ ဓားပေး

- ကျွန်မ လုပ်ပေးပါမယ် အစ်ကိုလေးရယ်။ အစ်ကိုလေး ငြိမ်ငြိမ်လေးသာ ထိုင်နေပါ။

ကျန်းချန် - ဟုတ်ကဲ့။

ကျန်းချန် လည်း သူထိုင်ဖို့ ချပေးထားတဲ့ ထိုင်ခုံမှာ ၀င်ထိုင်နေလိုက်သည်။ လန်ဟွမ် ပြန်လာမှာ မို့ ဂုဏ်ပြုပန်းစည်း ကိုယ်တိုင် လုပ်ပေးချင်တယ်။ သို့သော် ညာဘက် လက်က ဘာပစ္စည်းကိုင်ကိုင် ပြုတ်ကြနေတာမို့ ထင်သလောက် ခရီးမရောက်။ ဘယ်လက်နဲ့ကျတော့ သိပ်အဆင်မပြေ။ လုပ်နေကျ မဟုတ်လို့!

နှင်းဆီပန်းရောင်စုံရယ်၊ ကြယ်တာရာပန်းလေးတွေရယ်၊ ကို လှလှပပ စည်းဖို့ အိမ်က ကောင်မလေးကို ခိုင်းထားရသေး။ ပိုတဲ့ နှင်းဆီ တွေကို ကုတင်ပေါ် ဖြန့်ကျဲပြီး ဒီည လန်ဟွမ် နဲ့ ပျော်ပါးမယ်။ အဲ့တာကြောင့်မို့ မားမားကိုတောင် တစ်ရက်ရှောင်ပေးဖို့ ပြောထားပြီးသား။

သူရဲ့အချစ် /သူရဲ့အချစ် {Zawgyi & Uni} [ Completed]Where stories live. Discover now