ခွဲခန်းတံခါးပွင့်လာတာနဲ့ ရှီးချန် ဆရာဝန်ဆီ အပြေးသွားကာ
ရှီးချန် - ဆရာ ကျွန်တော့် အမျိုးသား အခြေအနေ
- ထုတ်ချင်းပေါက်သွားတာမို့ ချုပ်လို့ မရဘူး။ ကျွန်တော်တို့ နေ့တိုင်းဆေးထည့်ပြီး အသားတတ်တဲ့ အထိ စောင့်နေရမှာ။ ပြီးတော့ လက်အကြော ပါ ပြတ်သွားတဲ့ အတွက် ညာလက်ကတော့ သုံးစားရတော့မှာ မဟုတ်ပါဘူး။
ရှီးချန် - လက်အကြောပျက်သွားတယ်။
- ဟုတ်ပါတယ်။
ရှီးချန် - ဟား!
ရှီးချန် ခြေတစ်လှမ်းလောက် နောက်ဆုတ်မိသွားသည်။ ပါးပြင်မှာလည်း အတောမသတ်နိုင်သော မျက်ရည်တွေ ကျဆင်းလို့ လာသည်။
လန်ကျန့် - ကိုကို
ရှီးချန် - ၀မ့်ကျီး!!
ညီဖြစ်သူကို ဖက်တာ ခွဲခန်းရှေ့ အကျယ်ကြီး အော်ငိုလိုက်သည်။ သူ့ကိုသာ မကယ်ခဲ့ရင် အားချန် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အခု အခုတော့.....
ဆေးရုံကုတင်ထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ အနား သွားကာ ပတ်တီးစည်းထားတဲ့ လက်လေးကို အသာအယာ ထိကိုင်လိုက်ပြီး
ရှီးချန် - တောင်းပန်ပါတယ်။ ကိုယ်ကြောင့်ချည်း မင်းဒဏ်ရာတွေ ရခဲ့ပြန်ပြီ။ ကိုယ် နောက်ဆို ဒီထက်မက မင်းကို ချစ်ပေးအုံးမှာပါ။
လျဲ့ပင်း - CEO ကျွန်တော် ရုံးပြန်တော့မယ်။
ရှီးချန် - လျဲ့ပင်း မင်း အိမ်ပဲ ပြန်လိုက်တော့။ အားချန် ကို သွေးလှူပေးလို့ ကျေးဇူးတင်ပါတယ်။
လျဲ့ပင်း - ကျေးဇူးတင်စရာ မလိုပါဘူး။ ကျန်းချန် က ကျွန်တော်ခွက်ခ်ျ မို့ သွေးလှူတာ!!
ထိုစကားပြောပြီး လျဲ့ပင်း ဖနောင့်နဲ့ တင်ပါး တစ်ချိုးတည်းကျအောင် ပြေးထွက်သွားတော့သည်။
ရှီးချန် - လျဲ့ပင်း မင်း သေဖို့ပြင်ထား။
ဝေ့ - ရှီးချန်ကော လျဲ့ပင်း ပြောသွားတာ ဘာအဓိပ္ပာယ်လဲ။
ရှီးချန် - ဘာမှ မဟုတ်ဘူး။ အဲကောင်ရူးနေတာ။ ဒါနဲ့ အားချန် သတိရလာရင် ဘယ်လို ပြောရမှာလဲ။
YOU ARE READING
သူရဲ့အချစ် /သူရဲ့အခဈြ {Zawgyi & Uni} [ Completed]
FanficStarted - 19.11.202{Thu} Ended - 6.2.2021 {Sat} လန်ဟွမ့် (ရှီးချန်) မင်း အရမ်းရက်စက်တယ် အားချန်ရာ။ မင်း မရှိရင် ကိုယ်ဘယ်လို အသက်ဆက်ရှင်ရမှာလဲ။ ကိုယ် ဘက်ကို ကျတော့ မင်းအတွေးပေးဘူး။ ကျန်ရစ်ခဲ့သူ နဲ့ ထွက်သွားခဲ့သူမှာ ကျန်ရစ်ခဲ့သူက ပိုပြီး နာကျင်ရတယ်။ မ...