တီတောင်!!
ရှီးချန် - ၀မ့်ကျီး တို့ လာပြီ ထင်တယ်။ ကိုယ် တံခါးသွားဖွင့်လိုက်မယ်။
ကျန်းချန် - အင်း
ထမင်းဝိုင်း ပြင်နေတုန်း ဘဲလ်တီးသံကြောင့် လန်ကျန့် တို့ ရောက်လာပြီ ဆိုတာ သိလိက်ရသည်။ ညနေက အကြောင်းတွေကို ဝေ့ဝူရှန့် ကောင်းမှုကြောင့် လန်ကျန့် ပါ သိနေလောက်ပြီ။ အင်း ရှေ့ဆက်မဲ့ နေ့ရက်တွေက ဘယ်လို လာအုံးမလဲ မသိ။
ဝေ့ - ကော နေကောင်းလား။
ရှီးချန် - ကောင်းတယ် ညီလေးဝေ့။ ၀မ့်ကျီး ဉီးလေး ဘယ်နေ့ပြန်လာမှာလဲ။
လန်ကျန့် - နောက် ၃လလောက်ကြာအုံးမယ်တဲ့။
ရှီးချန် - အင်း ဉီးလေး ဒီမှာ မရှိတာ တော်သေးတယ်။ မဟုတ်ရင်တော့ ကိုကို့ ကို ဆူလိုက်မဲ့ ဖြစ်အင်!
လန်ကျန့် - သိရင် ပြီးရော။
ကျန်းချန် - လေဖုတ်မနေကြနဲ့ ဟင်းတွေ မအေးခင် ထမင်းစားကြရအောင်။
ထမင်းစားခန်းကနေ လှမ်းအော်တဲ့ ကျန်းချန် ကြောင့် ၃ယောက်လုံး ပြုံးလိုက်မိသည်။
ထမင်းစားခန်းထဲ ရောက်တော့ စားပွဲခုံပေါ်က ဟင်းတွေ ကို ကြည့်ပြီး
ဝေ့ - ဝါး ဒီဟင်းတွေက အားချန် ကိုယ်တိုင် ချက်ထားတာလား။
ကျန်းချန် - အင်း အကုန်လုံး ကျွန်တော့် လက်ရာ!
လန်ကျန့် - ကျန်းချန် မင်းက ဒီပုံစံနဲ့ ဆိုတော့လည်း အိမ်ရှင်မလေး ကြနေတာဘဲ။
ကျန်းချန် - အာ!!
လန်ကျန့် အပြောကြောင့် မျက်နှာလေး နီရဲပြီး ရှက်သွားတဲ့ ကျန်းချန်။ သူတို့ မသိသေးတာက ကျန်းချန် က ရှီးချန် ကို ကျားကျား လို့ ခေါ်တယ်ဆိုတာကို!
ကျန်းချန် - ကဲ ထိုင်ပြီး ထမင်းစားကြ။ အ၀စားနော်။ နောက်ဆို ဒီလက်ရာကို စားဖို့ မသေချာတော့ဘူး။
ရှီးချန် - ဘာစကား လဲ အားချန်!
ကျန်းချန် - ကျွန်တော်က ကျားကျား ချက်ကျွေးတဲ့ အစားတွေကိုဘဲ စားမှာလေ။
YOU ARE READING
သူရဲ့အချစ် /သူရဲ့အခဈြ {Zawgyi & Uni} [ Completed]
FanfictionStarted - 19.11.202{Thu} Ended - 6.2.2021 {Sat} လန်ဟွမ့် (ရှီးချန်) မင်း အရမ်းရက်စက်တယ် အားချန်ရာ။ မင်း မရှိရင် ကိုယ်ဘယ်လို အသက်ဆက်ရှင်ရမှာလဲ။ ကိုယ် ဘက်ကို ကျတော့ မင်းအတွေးပေးဘူး။ ကျန်ရစ်ခဲ့သူ နဲ့ ထွက်သွားခဲ့သူမှာ ကျန်ရစ်ခဲ့သူက ပိုပြီး နာကျင်ရတယ်။ မ...