💘2💘 {Z & U}

505 66 6
                                    

မင်္ဂလာခန်းမထဲ မင်္ဂလာသီချင်းသံတွေက ပြန့်လွင့်လို့နေသည်။ နှစ်ဖက်မိဘတွေရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာလို့။ မိက်ကပ် Room ထဲက သတို့သမီး မျက်နှာမှာ လည်း အပြုံးတွေက ဝေေ၀ဆာဆာ

- သတို့သမီးလေးက ချောလိုက်တာ။ ဒါကြောင့် တို့သခင်လေးက သည်းသည်းလှုပ်ကို ချစ်နေတာ။

ဝမ်းချင် - မင်္ဂလာဆောင်မှာ အ၀စား။

- စားအုံးမှာ။ စားအုံးမှာ

ဝမ်းချင် ရင်ထဲမှာ အရမ်းပျော်ရွှင်လို့ နေသည်။ ဒီနေ့ က သူချစ်ရသူကို ပိုင်ဆိုင်ရတော့မဲ့နေ့။ ဘေးနားက မီးလင်းလာတဲ့ ဖုန်းကို လှမ်းယူလိုက်တော့ ဖုန်းဘေးနားမှာ ထား, ထားတဲ့ မင်္ဂလာအယူရုပ်ထုလေးကို လက်နဲ့ တိုက်မိသွားသည်။ မင်္ဂလာရုပ်ထုလေးက ကြမ်းပြင်ပေါ်သို့ ကျတာ နှစ်ပိုင်းကျိုးသွားတော့

- ဟယ် ကျိုးသွားပြီ!

ဝမ်းချင် စိတ်ထဲ အနည်းငယ် စိုးရိမ်စိတ်တို့ ၀င်လာပြီး ကျိုးသွားတဲ့ ရုပ်ထုလေးကို ကျစ်ကျစ်ဆုပ်ကိုင်ထားလိုက်သည်။ မျက်ဝန်းမှာလည်း မျက်ရည်တွေရစ်သိုင်းလာသည်။

- မငိုနဲ့ မငိုနဲ့။ ရှေးအယူတွေကို အတည်မမှတ်ပါနဲ့ သတို့သမီးရယ်။

ဝမ်းချင် - ဟုတ်

ဝမ်းချင် ပါးပြင်ပေါ်က မျက်ရည်ကို သုတ်လိုက်ပြီး အလှပဆုံးပြုံးလိုက်သည်။

တစ်ဖက်ခန်းထဲက သတို့သားမှာလည်း

ဝေ့ - ကျန်းချန် မင်းဘာလို့ ဆေးလိပ်တွေ သောက်နေတာလဲ။

ကျန်းချန် - မား က ရက်စက်တယ်။ ငါ့ မင်္ဂလာပွဲ ကိုတောင် မလာဘူး။

ဝေ့ - အားရီ က အလုပ်မအားလို့ပါ။

ကျန်းချန် - သူတို့အလုပ်က ငါ့ထက် ပိုအရေးကြီးတယ်ပေါ့။

အန်နာ - ကိုကို!!

အသံနဲ့ အတူ အခန်းထဲ ၀င်လာတဲ့ အန်နာ။

ကျန်းချန် - ဘာလဲ!

အန်နာ - ကိုကို ဒီနေ့ပျော်နေသလိုဘဲ။ အန်နာက ကိုကို တို့အတွက် မင်္ဂလာလက်ဖွဲ့ အကြီးကြီး ပြင်ဆင်ထားတယ်။ ကိုကို အဲ့ဟာကို ကြိုက်မယ်လို့ မျှော်လင့်တယ်။ အန်နာ သွားပြီနော်

သူရဲ့အချစ် /သူရဲ့အချစ် {Zawgyi & Uni} [ Completed]Where stories live. Discover now