💘44💘 {Z & U}

247 40 7
                                    

- မမလေး ဟိုမှာ လန်ရှီးချန် ရဲ့ အမျိုးသား။

- လန်ရှီးချန် က မထင်ရဘူး။ ဒီလိုချောချောလေးကို ရထားတာ။ ဒီည ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရတာပေါ့

ယူရာ တစ်ယောက် ဝိုင်ခွက်လေးကို ကိုင်ပြီး Bar ကောင်တာမှာ ထိုင်နေတဲ့ ကျန်းချန် ဆီ ကို လျှောက်လာလိုက်သည်။

ကျန်းချန် နား ရတော့ တမင်ခြေချော်ချင်ဟန်ဆောင်ပြီး ဝိုင်တွေကို ကျန်းချန် ပေါ် လောင်းချလိုက်သည်။

နဂိုကတည်းက စိတ်တိုနေတဲ့ ကျန်းချန် မှာ ဘေးနားရောက်လာတဲ့ ကောင်မလေးကြောင့် ပိုပြီး ဒေါသထွက်လာရသည်။

ကျန်းချန် - တောက်စ်!! မင်း မျက်လုံးကန်းနေတာလား။

- ဟို တို့...တို့ ခြေချော်သွားတာပါ။

ကျန်းချန် ထိုမိန်းကလေးကို ခြေဆုံးခေါင်းဆုံးကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

ကျန်းချန် - အရပ်က ပုပါတယ်ဆို ၅လက်မဒေါက်စီးထားမှတော့ ခြေချော်ပြီး လဲမှာပေါ့။

-  ဟီး ဟို အင်္ကျီတို့ပြန်လျော်ပေးမယ်လေ။

ကျန်းချန် - မလိုဘူး။

ကျန်းချန် ပိုက်ဆံရှင်းကာ Bar မှ ထွက်လာလိုက်သည်။ မူးချင်လို့မှ လာသောက်ပါတယ်ဆို အာရုံတွေ လာများနေတာ။ ဘယ်လိုဟာတွေမှန်း မသိဘူး။ တကယ်ဟာတွေ။

Mini store ထဲဝင် ဘီယာပုလင်းတွေ ၀ယ်ပြီး လမ်းမီးတိုင် အောက်မှာ ထိုင်သောက်နေလိုက်သည်။ ရှေ့မှာ လာရပ်တဲ့ ခြေထောက်တစ်စုံကြောင့် မော့ကြည့်လိုက်တော့ Bar မှာ တွေ့ခဲ့တဲ့ မျောက်မ! ဘာတုန်းဟ ရူးနေလား ကွာ။

- တစ်ယောက်တည်းလား တို့အဖော်လုပ်ပေးရမလား။

ကျန်းချန် - မလိုဘူး။ ဘေးမှာ လူရှိတယ်။

- ဘယ်သူ ရှိတာလဲ။

ကျန်းချန် - ငါ့ဘေးမှာ ငါ့ညီမ ထိုင်နေတာ မမြင်ဘူးလား။ ဆံပင် ရွှေဝါရောင်လေးနဲ့။

ယူရာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဒီနားမှာ သူနဲ့ ကိုယ် နှစ်ယောက်တည်း။ ကြက်သီးတောင် ထလာသလိုဘဲ။

သူရဲ့အချစ် /သူရဲ့အချစ် {Zawgyi & Uni} [ Completed]Where stories live. Discover now