💘24💘 {Z & U}

225 48 13
                                    

ရှီးချန် - အားချန် ကိုယ်တို့ ကုမ္ပဏီမှာ ရှယ်ယာဘာလို့ဝင်တာလဲ။

ကျန်းချန် - ငွေကို ပိုနေလို့။

ရှီးချန် သူ့ကို တစ်ချက်တောင် မကြည့်ဘဲ ကွန်ပျူတာကိုတာ ကြည့်ပြီး တဂျောက်ဂျောက် နဲ့ စာရိုက်လို့နေသည်။

ရှီးချန် - ဒီနေ့ ကိုယ့်ဆီ ကို အန်နာ လာတယ်။

ကီးဘုတ်ပေါ် ပြေးလွှားနေတဲ့ ကျန်းချန် လက်တွေ ရပ်တန့်သွားပြီး ဆက်ပြောလာမဲ့ စကားတွေကို နားစွင့်နေသည်။

ရှီးချန် - ကိုယ် နောက်ရက်တွေ အန်နာ ကို မြေကွက်ကြည့်ဖို့ လိုက်ပို့ပေးဖို့ ရှိတယ်။

ကျန်းချန် - အဲ့တော့ ကျွန်တော် က ဘာလုပ်ရမှာလဲ။ အန်နာ ဆိုတာ ခင်ဗျား ကို ကြိုက်နေတဲ့ သူဘဲ။ ဒီအခွင့်အရေး ကို အသုံးချပြီး အန်နာ နဲ့ အဆင်ပြေအောင် လုပ်လိုက်ပါလား။

ရှီးချန် - အင့်ဟင်း ကိုယ် က အားချန် ကိုဘဲ ချစ်တာ။ အားချန် နဲ့ဘဲ အဆင်ပြေအောင် ပြန်နေချင်တယ်။ ကိုယ့်ကို အခြားလူဆီ တွန်းပို့တာတွေ မလုပ်ပါနဲ့။

ဆိုဖာခုံပေါ်မှာ ထိုင်နေတဲ့ ကျန်းချန် ပေါင်ပေါ် လှဲချလိုက်တာ

ရှီးချန် - ကိုယ် ဒီနေ့ အရမ်းပင်ပန်းနေတယ်။ ကိုယ့်ကို စကားလုံးတွေနဲ့ မနှိပ်စက်ပါနဲ့။ ကိုယ် အိပ်ချင်လို့ ခနအိပ်မယ်နော်။

ရှီးချန် မျက်လုံးတွေ မှိတ်လိုက်ပြီး အိပ်ပျော်အောင် အိပ်လိုက်သည်။ ကျန်းချန် သူ့ပေါင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ချစ်ရသူကို ကြည့်ကာ

ကျန်းချန် - လန်ဟွမ် ကျွန်တော့် ကို ချစ်ရလို့ ပင်ပန်းနေပြီလား။ ခနဘဲ စောင့်ပါနော်။ ကျွန်တော် ပြဿနာတွေ အကုန် ဖြေရှင်းပြီးတာ နဲ့ ခင်ဗျားကို ဘယ်လောက်ချစ်ကြောင်း နေ့တိုင်း ​ပြောမယ်။ ချစ်တယ် လန်ဟွမ်။

အိပ်ပျော်နေသော ရှီးချန် ရဲ့ နှုတ်ခမ်းလေးကို ငုံ့ကာ ဖွဖွလေး ဖိကပ်နမ်းလိုက်သည်။ ညတိုင်း ခိုးနမ်းနေရတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ မသိ!!
%
%
%
ဒီနေ့ စနေနေ့ ကျွန်တော် ရင်တွေ အရမ်းခုန်နေတဲ့နေ့! ဘာလို့ဆို ဒီနေ့ လန်ဟွမ် နဲ့ ကျွန်တော် တရားဝင် လက်ထပ်မဲ့နေ့! လန်ဟွမ် ကို ပိုင်ဆိုင်ရမဲ့နေ့။

သူရဲ့အချစ် /သူရဲ့အချစ် {Zawgyi & Uni} [ Completed]Where stories live. Discover now