💘23💘 {Z & U}

214 47 11
                                    

ကျန်းချန် - မနက်စာ ပြင်ထားတယ်။ စားပြီး မှ အလုပ်သွား။

ရှီးချန် - အင်း အားချန်

ကျန်းချန် - ပြော

ရှီးချန် - ဒီအပတ် စနေနေ့ ကိုယ်တို့ လက်ထပ်ရအောင်လေ။

ကျန်းချန် - သဘော ကြိုက်သလိုလုပ်

ရှီးချန် ဆက်ပြောဖို့ လုပ်နေတုန်း ဖုန်းလာတာမို့ ကြည့်လိုက်တော့ ၀မ့်ကျီး ဆီက အစောကြီး ဘာများ ဖြစ်လို့ပါလိမ့်

📞၀မ့်ကျီး ပြော📞

📞ကိုကို အလုပ်ကို မြန်မြန်လာခဲ့ ပေး။ ရှယ်ယာဈေးတွေ ကျပြီး တစ်ချို့တွေက နှုတ်ထွက်ချင်နေကြပြီ။📞

📞ဘာ!!! ကိုကို အခု လာခဲ့မယ်။📞

ဖုန်းကို ချလိုက်ပြီး ထမင်းစားပွဲက ထဖို့ အလုပ် ကျန်းချန် က လက်ဆွဲ လိုက်ပြီး

ကျန်းချန် - မနက်စာ စားပြီးမှ သွား!

ရှီးချန် - အားချန် ကိုယ် ကုမ္ပဏီ ကို အမြန်သွားရမယ်

ကျန်းချန် - အဲ့ ကုမ္ပဏီ နဲ့ ကျွန်တော် ဘယ်သူပိုအရေးကြီးလဲ။ မနက်စာ မစားဘဲ သွားရင် တစ်သက်လုံး ကျွန်တော် ဆီ ပြန်မလာနဲ့။

ရှီးချန် - ကျစ်!! မနက်စာ စားမယ် ဟုတ်ပြီလား။

ထိုင်ခုံမှာ ထိုင်ပြီး ချစ်ရသူ လုပ်ထားပေးတဲ့ မနက်စာ ကို အမြန်စားသောက်လိုက်သည်။ အကုန် ကုန်တော့မှ

ရှီးချန် - ကုန်ပြီနော် ကိုယ် သွားပြီ။ ချစ်တယ် အားချန်

နွေးခနဲ ဖြစ်သွားတဲ့ နဖူးပြင်! ရှီးချန် ထွက်သွားတော့မှ ခနက တည်နေတဲ့ မျက်နှာက ပြုံးလာပြီး နဖူးလေးကို ဖွဖွကာ တာ

ကျန်းချန် - ကျွန်တော်လည်း ချစ်တယ် လန်ဟွမ်!!

လေသံလေးနဲ့သာ ပြောလိုက်တဲ့ စကား။ လက်က စားပွဲခုံ အောက်မှာ ကပ်ထားတဲ့ အသံဖမ်းစက်လေးကို ဖြုတ်လိုက်ပြီး

ကျန်းချန် - အဟက် တစ်အိမ်လုံးမှာ အသံဖမ်းစက် လာခိုးတပ်ထားရတယ်လို့။ ခင်ဗျား တို့ ဖြစ်ချင်သလို လုံးဝ မဖြစ်စေရဘူး။

အသံဖမ်းစက်ကို ရေနွေးပွက်ပွက်ဆူနေတဲ့ အိုးထဲ ပစ်ထည့်လိုက်သည်။ အိမ်သန့်ရှင်းရေး လုပ်ပြီးတဲ့ နောက် အ၀တ်အစားလဲကာ ကုမ္ပဏီ ကို ထွက်လာလိုက်သည်။

သူရဲ့အချစ် /သူရဲ့အချစ် {Zawgyi & Uni} [ Completed]Where stories live. Discover now