ရှီးချန် - အစ်ကို့ကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲ။
အန်နာ - အစ်ကိုနဲ့ ကျန်းချန်ကော က တွဲနေကြတာလား။
ရှီးချန် - အင်း ကိုယ်တို့ တွဲနေကြတာ။
အန်နာ - ကျန်းချန်ကော က အစ်ကို့ကို တကယ်ချစ်တယ် ထင်နေလား။
ရှီးချန် - အားချန် က ကိုယ့်ကို တကယ်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ၊ ကိုယ်ကတော့ အားချန် ကို ချစ်တယ်။ ပြီးတော့ အားချန် ဘာလို့ အစ်ကိုနဲ့ တွဲလည်း ဆိုတာပါ သိနေတယ်။
အန်နာ - သိရက်နဲ့ မိုက်ရူးရဲဆန်လိုက်တာ။
ရှီးချန် - ချစ်မိသွားရင် လူတွေက ရူးကြတာဘဲ။ ဘာမှပြောစရာမရှိရင် ကိုယ်သွားတော့မယ်။ အားချန် နဲ့ ချိန်းထားလို့။
အပြုံးလေးနဲ့ နှုတ်ဆက်ကာ ထွက်သွားသော ရှီးချန်ကျောပြင်ကို ကြည့်ပြီး
အန်နာ - ချစ်မိသွားရင် လူတွေက ရူးကြတာဘဲ။ မှန်လိုက်တဲ့ စကား။ ကိုကို က ရှီးချန်ကော ကို မချစ်ဘူးဆိုတော့ အေးဆေးနေလို့ရတယ်။
အန်နာ ကျသင့်ငွေကို ရှင်းပြီး အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ မိမိအခန်းကို ၀င်လိုက်ချိန် တွေ့လိုက်ရတဲ့ မာမီ ကြောင့်
အန်နာ - မာမီ
- ဒါတွေ က ဘာတွေလဲ အန်နာ။
အခန်းပတ်ပတ်လည်မှာ ကပ်ထားတဲ့ ကျန်းချန်ပုံတွေ၊ ဓာတ်ပုံသေးသေးလေးတွေကို မေးငေါ့ ကာ မေးလာတဲ့ မာမီ!
အန်နာ - မာမီ အဲ့တာကလေ။ သမီး ကျန်းချန်ကော ကို ချစ်တယ်။
- ဘာ! အန်နာ သမီးနဲ့ ကျန်းချန်လေးက အခုဆို မောင်နှမတွေ ဖြစ်နေပြီလေ။
အန်နာ - မောင်နှမ! ဘာမောင်နှမ လည်း မာမီ။ သမီး နဲ့ ကျန်းချန်ကော က အဖေလည်းမတူဘူး အမေလည်း မတူဘူး။
- အန်နာ!!!! ဘယ်လို စကားတွေ ပြောနေရတာလဲ။ သမီးကို ပြောမယ်။ ဒီပုံတွေ အကုန်ဖျက်ဆီးပစ်၊ ကျန်းချန်ကို အစ်ကိုတစ်ယောက်လို ဆက်ဆံ! ဒါဘဲ ပြောမယ်။
အန်နာ - လွယ်လိုက်တာ မာမီ ရယ်။ သမီး ကျန်းချန်ကော ကို ချစ်ခဲ့တာ အလယ်တန်း နောက်ဆုံးနှစ်မှာ ချစ်ခဲ့တာ။ မာမီ သာ လက်မထပ်ခဲ့ရင် ဒီအချိန် သမီးနဲ့ ကိုကို ချစ်သူဖြစ်နေလောက်ပြီ။ ၅နှစ်သာ အချစ်ကို လွယ်လွယ်ဖျက်ဆီး ရမှာလား။
YOU ARE READING
သူရဲ့အချစ် /သူရဲ့အခဈြ {Zawgyi & Uni} [ Completed]
FanfictionStarted - 19.11.202{Thu} Ended - 6.2.2021 {Sat} လန်ဟွမ့် (ရှီးချန်) မင်း အရမ်းရက်စက်တယ် အားချန်ရာ။ မင်း မရှိရင် ကိုယ်ဘယ်လို အသက်ဆက်ရှင်ရမှာလဲ။ ကိုယ် ဘက်ကို ကျတော့ မင်းအတွေးပေးဘူး။ ကျန်ရစ်ခဲ့သူ နဲ့ ထွက်သွားခဲ့သူမှာ ကျန်ရစ်ခဲ့သူက ပိုပြီး နာကျင်ရတယ်။ မ...