ကျယ်ဝန်းပီးလှပလှတဲ့ Moonlight Uni ရှေ့မှာuni Busလေးကတော့အရှိန်လေး
သတ်ရင်းထိုးရပ်သွားပါပြီ။
Gulfပထမဆုံးလုပ်ရမှာကတော့ တစ်ဦး
တည်းသောသူငယ်ချင်းဖြစ်နေတဲ့Mildကိုရှာရမှာပင် ညကတော့lineမှာ
"အပေါက်ဝမှာဖဲစောင့်မယ်လို့"တော့စာပို့ထားသား။ဒါပေမဲ့ ဒီကောင်ကအူ
ကြောင်ကြောင်ရယ် မမြင်ရတဲ့နေရာမှာ
စောင့်နေရင်ဒုက္ခ။Gulf uni busပေါကဆင်းဆင်းချင်းဖဲ လက်ကိုဆွဲခံလိုက်ရသည်။စစတက်ချင်းနေ့မရင်းနှီးသူတွေကြား ဒီလိုလာဆွဲတာဘယ်သူမှမဟုတ် ငယ်သူငယ်ချင်းကြီးMildပေါ့ဗျာ။
"Mild မင်းကငါ့ဘာသာငါ စတိုင်လေးအပြည့်နဲ့ဆင်းလာမလို့ကို ဘယ်လိုဖြစ်လို့အတင်းချည်းဆွဲချနေတာတုန်း နောက်ကကောင်မလေးတွေနဲ့ကွ ရိူးပျက်ပါပီကွာ"။
Gulf သူ့အကျီလေးကိုဆွဲချရင်း Mildကိုကြည့်ကာအဆဲသံတိုးတိုးလေးထညိ့ကာပြောနေခြင်းဖြစ်သည်။"စတက်တဲ့နေ့မှာကို ငါ့ကိုအပြစ်ပြောလို့မပီးဘူး။ငါကအရေးကြီးလို့ကွ မင်းကို
စောင့်နေရတာ လည်ပင်းတောင်ညောင်ရေ
အိုးဖြစ်တော့မယ် အဲ့တာကိုမင်းကတော့
မင်းသားလိုကျော့ကျော့လေးဆင်းလာနေတယ်လေ"။Mildတစ်ယောက် Gulfကိုခြေဆုံးခေါင်းဆုံးကြည့်၍ မချေမတင်ဖြစ်ကာ
"မင်းညောင်းနေရင် ထိုင်စောင့်ပါ့လား ။တစ်နေနေရာမှာ မင်းဘာသာမင်းအပြီးuni
Busမစီးတာလေကွာခံပေါ့ နောက်ပြီးဘာအရေးကြီးတာလဲ မနက်စာမစားခဲ့တာလား ဒီကဖွင့်ပေးထားတဲ့ food Barကစျေးကြီးပေမဲ့ ငါကပိုက်ဆံပါတော့
ဝယ်ကျွေးနိုင်ပါတယ်ကွ ဒါမဲ့ နေ့လည်စာ
လည်းအလကားကိုမှအကောင်းရှယ်ကျွေး
မှာဖဲ နေ့လည်ထိအောင့်ပီးအခုရေသောက်ထား"။Gulf Mildဘေးလွယ်အိတ်ထဲထိုးထည့်
ထားတဲ့ရေဘူးကိုထုတ်ပီးပေးကာပြော
လိုက်သည်။
Mildကတော့ပြောသမျှကိုခေါင်းကုတ်နားထောင်ရင်း"မင်းထင်တာတွေပြောနေတာ ရပ်ပါတော့မနက်စာလည်းငါအိမ်ကအဝစားခဲ့ပြီ။ငါပြောချင်တာလိုရင်းမရောက်ဖူးမင်းလုပ်
တာနဲ့ မင်းသိလား ငါတို့scholarသမား
ဆယ်ယောက်က VVIP classရှိတဲ့
အဆောက်အဦးမှာသင်ရမှာတဲ့ကွ"။