Part-11

241 24 0
                                    

ဒီနေ့ကျမှ ရာသီဥတုကထင်တာတက်
ပိုသာယာနေလို့ရယ်။Gulfလည်း ကျောင်းသို့ သာမန်ထက်စောစော
ရောက်သည်ဟု ဆိုရပေမည်။ညကလည်း
လူကြီးနဲ့တွေ့ခဲ့ရလို့ အိပ်ယာဝင်နောက်ကျ
သော်လည်း မနက်ကျရင်ဒီလူကြီးမျက်နှာ
ကို မြင်ရဖို့ဖဲ စောလာမိသလားလို့တော့
မခန့်မှန်းတတ်ပေ။

​စောသည်ဟု ထင်ရသော်လည်း ကျောင်း
ဝန်းထဲတွင် ကျောင်းသားကျောင်းသူ
တစ်ချို့ကတော့ သွားလာလှုပ်ရှားမှု
မပျက်။Gulfလည်းကားပါကင်သို့သာ
တန်းမောင်းလာခဲ့လိုက်သည်။

"ဟင် P'Mew သူကဒီနေ့အစာကြီး ရောက်
နေတာလား။"
Gulfကားထိုးနေကျ နေရာလေးဘေးမှာ
မတ်တပ်ရပ်ကာ နာရီတစ်ကြည့်ကြည့်
နဲ့ရပ်နေတဲ့ P'Mewကိုတွေ့လိုက်ရသည်။
"ဟာ ကလေးရောက်လာပြီလား။ကိုယ်က
ဒီထက်နောက်ကျမယ်လို့ကို ထင်ထားတာ။"
Gulfလေးကားပေါက ဆင်းလာတာနဲ့
P'Mewဖက်မှ တန်းမေးလာသော
စကားတစ်ခွန်း။

"ကျွန်တော် ဒီနေ့ကစောရောက်တာလို့
ခေါတယ်။နေပါအုန်း P'ကအစောကြီး
ဒီနေရာမှာရပ်ပြီး ကျွန်တော့်ကိုစောင့်
နေတာလား။"

" ဟုတ်တယ်လေ။ကလေးဖဲပြောပြီးတော့
မနက်ဖြန်ကျ တွေ့ကြမယ်နော်ဆိုပြီးတော့
လေ။ကိုယ်က Nongပြောတဲ့အတိုင်း
ဝမ်းနည်းမနေတော့ဖဲ အရင်ကMew
အဖြစ်နဲ့ ပြန်ရောက်လာတယ်နော်။ဆု
ချတဲ့အနေနဲ့ တစ်ခုခုတော့ပေးသင့်ပါ
တယ်ကွာ။"

ဒီလူဟာလေ ကျွန်တော်စောရောက်လာ
​လို့သာပေါ့။မဟုတ်ရင် အကြာကြီး
ခြေညောင်းအောင် ရပ်နေရမှာသ်ိလား။
အခုဖြေနေတာကိုက ဘယ်ချိန်ထိထိနေနေ
စောင့်မယ်ဆိုတဲ့ ရုပ်နဲ့။မနေ့ညက ဝမ်း
နည်းနေတဲ့လူကလည်း အခုကျတော့
မျက်နှာကိုကြည်ပြီး သာမန်ထက်တောင်
ပိုကြည့်ကောင်းနေသလိုဖဲ။ခင်ဗျားကဒီလို
ကြီးရပ်နေတော့ ကားလာရပ်တဲ့လူတိုင်းက ခင်ဗျားကို မြင်ကုန်တော့မှာပေါ့။
Gulfဆူချင်ပေမဲ့ ကိုယ့်အပေါဘယ်လောက် အလေးထားမှန်းသိရတော့
လည်း ပျော်မိသည်။

"P'က ကလေးလေးလား။ဆုယူချင်ရ
အောင်က။ကျွန်တော့်ကိုကျ ကလေး၊
ကလေးနဲ့ခေါပြီး P'ကမှတစ်ကယ့်
ကလေးလေး သိရဲ့လား။"
သူ့ကိုသာ ကြည့်နေရှာတဲ့ Mewကို Gulf
စကာမေးလိုက်သည်။

Just the way u areWhere stories live. Discover now