"ကိုပြောတယ်နော် ဒီနေ့လည်း မင်းနားလေးမှာ ရှိနေမှာပါလို့"
တစ်ခြားကျောင်းသားတွေက နေ့တစ်ပိုင်းသာ အတန်းတက်ရပြီး အိမ်ပြန်ရသည်။
ကျွန်တော်တို့ကတော့ ဆက်ပြီးအပင်ပန်းခံရမည်ပေါ့။ မနက်ဖြန်ဆိုရင်ကို ပွဲရောက်ပါပြီလေ။Gulfတို့အုပ်စုဖွဲ့အက လေ့ကျင့်ပြီးတဲ့အ
ချိန်တွင် နားချိန်ရသည်။ကျောင်းက
အဆာပြေမုန့်များကိုလည်း ချထားပေးသေးသည်။ Gulfရေသောက်နေတဲ့အချိန်
အနားနားသို့ ကပ်လာပြောသောလူတစ်
ယောက်။မနေ့က "လေ့ကျင့်တဲ့အချိန်တူတူရှိနေမှာနော်"လို့တစ်တွတ်တွတ် ပြောသွားတဲ့ P'Mewပါဖဲ။"P'အသံလေးဘာလေး ပေးပါဗျာ။အနားနားကပ်ပြီး ရုတ်တရက်လာပြောတော့
လန့်ပြီးရေတောင် သီးတော့မယ်။
ကျွန်တော်ကမှ ကိုယ့်အတွေးကိုပါဆိုဗျာ။"
Gulf နောက်ကျောပေးကာ ရေသောက်နေ
သောကြောင့် P'Mewကိုလည်းမမြင်မိ။
ရုတ်တရက် နောက်မှရောက်လာသော
အသံကြောင့် လန့်သွားတာတော့အမှန်။"ကိုကမင်းကို Supriseလုပ်ချင်လို့ တိုးတိုးလေးလာတာပါကွာ။ အတန်းပြီးပြီးချင်း
P'သူငယ်ချင်းSingကိုတောင် မစောင့်ဖဲတန်းလာခဲ့တာကို။ မင်းကဒီရောက်တော့
ကို့ကိုတန်းဆူတော့တာဖဲ။"
ကျွန်တော့်ကို လန့်အောင်လုပ်သွားတာ
ဒီလူလေ။အခုသနားစရာ မျက်နှာလေး
လုပ်ပြီး သူ့ကိုဆူပါတယ်လို့ စွပ်စွဲနေတာလည်း ဒီလူကြီးပါဖဲလား။တတ်လည်း
တတ်နိုင်တဲ့လူကြီးပါဖဲ။"ကျွန်တော်P'ကို ဘယ်မှာဆူလို့လဲ။လန့်
သွားတယ်ဆိုတဲ့ အကြောင်းလေးဖဲ ပြောပြတာလေ။အဲ့လိုမျက်နှာမျိုးလေး
လုပ်မထားပါနဲ့။တော်ကြာ P'ကိုကြိုက်နေ
တဲ့ကောင်မလေးတွေက ကျွန်တော်ကတစ်
ကယ်ဆူပြီး အနိုင်ကျင့်တယ်ထင်နေဦး
မယ်"။Gulf သောက်နေတဲ့ ရေဘူးအဖုံးလေးကို
ပိတ်လိုက်ကာ သူမဟုတ်တဲ့အတိုင်း
ဆူခံရတဲ့ကလေးလို မျက်နှာငယ်လေး
လုပ်နေတဲ့လူကြီးကို တိုးတိုးကပ်ပြောရသေးသည်။ပြောမှဖဲ မဟုတ်ရင် သူ့ကို
ကြိိုက်နေတဲ့လူတွေက အကုန်စုံထောက်
တွေလိုဖဲလေ။အခုလည်းကြည့် ကျွန်တော့်
ကိုတောင် ကွက်ကြည့်ကွက်ကြည့်နဲ့။
ဒီလူကြီး လုပ်ပုံတွေကတော့ မဟုတ်သေးပါဘူးဗျာ။
