ဒါဟာ အိမ်မက်တစ်ခုမဟုတ်ဘူးဆိုရင်
ကျွန်တော့်ရှေ့မှာ အပြုံးတွေနဲ့ရပ်နေတဲ့
လူကြီးက MewSuppasit ဆိုတဲ့လူဆိုတာ
သေချာလို့နေတယ်။ အိမ်မက်တစ်ခု
ဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်မနိူး
ထချင်တဲ့ အိမ်မက်လေးဖြစ်နေမှာဗျ။ထိုအပြုံးတွေနဲ့ လူကဖဲ ကျွန်တော့်ရှေ့ကို
ရောက်လာလို့ရယ် ဒူးတစ်ဖက်ကို ထောက်
လိုက်သည်။လက်ထဲကဘူးလေးကို ဖွင့်လိုက်တဲ့အခါမှာ Foot chainလေးတစ်ခု။
ကျွန်တော့်ဘယ်ဖက်ခြေထောက်ပေါသို့
ငွေရောင်နဲ့ရွှေရောင် ရောယှက်ထားတဲ့ ကြိုးလေး တစ်ခုကရောက်ရှိလို့လာခဲ့
တယ်။နေကြာပန်းပုံသေးသေးလေးကလည်း ကလည်းချိတ်ဆွဲ ထားလို့ရယ်။"ကိုယ့်ကလေးလေး ကိုယ်ဆီကနေထွက်
သွားလို့မရအောင် ကလေးရဲ့ခြေထောက်
တွေကို ကိုယ်ကဒီfoot chainလေးနဲ့ ချည်
နှောင်လိုက်ပြီနော်။ဘယ်သူတွေဘယ်လောက်ဖဲခေါခေါ ကိုယ့်ဆီကနေဘယ်မှ ထွက်သွားလို့ရမှာမဟုတ်တော့
ဘူး။ကိုယ်မင်းကို ချစ်တယ်နော်။"ကျွန်တော့်ခြေထောက်လေးကို ညင်သာ
စွာအပြုံးတွေနဲ့ ကြည့်နေတဲ့ လူကိုကြည့်
ပြီး ကျွန်တော်မပြောပြတတ်အောင် စကားတွေပျောက်ရှခဲ့တယ်။ခင်ဗျားတို့ယုံ
မလားဆိုတာတောင် မသိပေမဲ့ ကျွန်တော်
ကိုယ်တိုင်တောင် မယုံမိနိုင်အောင် မျက်
ဝန်းထဲက မျက်ရည်တွေကို ထိန်းထားခဲ့ရတာဗျ။ဒါဟာပျော်ရွှင်မှု သက်သက်မ
ဟုတ်ဘဲ ဒီလူကြီးဆီက ဂရုစိုက်မှုတွေ၊
အရေးပေးမှု၊အလေးထားမှုတွေနဲ့ တန်ဖိုး
ထားခံလိုက်ရလို့ ရရှိတဲ့ဝမ်းသာမှုတွေပေါ့။"ခင်ဗျား ထတော့ဗျာ။ဒီလိုဒူးကြီး ထောက်
ပြီး ကျွန်တော့်ကို ဘယ်ချိန်ထိစိုက်ကြည့်
နေဦးမှာလဲ။"
"ဟာဒီကလေးက ဘာလို့မျက်ရည်တွေ
ဝဲနေတာလဲကွာ။ပျော်ရမှာကို ခဏလေး
ကိုယ့်ကလေးလေးကို ဖက်ထားပေးပါ
အုန်းမယ်။"ကျွန်တော်ပြောလိုက်လို့ ထရပ်လာတဲ့ လူကြီးက အခုတော့ကျွန်တော့်ကို
တင်းတင်းကျပ်ကျပ်လေး ဖက်ထားလို့
ရယ်။ခင်ဗျားရဲ့ ဂရုစိုက်မှုတွေကဖဲ
ကျွန်တော့်ကို မျက်ရည်ကျစေတာ လူကြီးရဲ့။