Part-5

278 25 2
                                    

When I see your face
There's not a thing that
I would change
Cause youre amazing
Just the way U are
Gulfတစ်ယောက် မနေ့ညကမှတ်မှတ်ရရရှိတဲ့ သီချင်းလေးကိုညည်းရင်းမနက်စာ
စားရန် အပေါထပ်ကအခန်းလေးရှိရာမှ
ဆင်းလာသည်။
အောက်ထပ်မှာMaeနဲ့မမနဲ့က မနက်စာ
ပြင်ဆင်နေကြသည်။

"ဒီနေ့မမကဆိုင်သွားတာစောမှာလား ပုံ
မှန်ဆိုရင်တောင် မနက်စာတူတူစားဖို့
မကြုံဖူးကို"Gulfလေ့ကျင့်ရေးသွားဖို့
စောထရတဲ့ မနက်ခင်းတွေကြောင့် Phorနဲ့maeနဲ့ကိုသာတွေ့ဖြစ်ပြီး အစ်မ
ဖြစ်သူနဲ့တောင်မကြုံဖြစ်တာတွေဖြစ်နေတဲ့ Gulfလေးရယ်ပါ။

"ဟုတ်တယ်လူကလေးရေ ဒီနေ့မမဆိုင်ကို
စောစောလေးသွားရမှာ အလုပ်ကိစ္စတစ်ခုနဲ့လည်းချိန်းထားလို့လေ"မမ Micoက
အမြဲတမ်းယုံကြည်မူ အပြည့်နဲ့လှပနေတဲ့
​အမျိုးသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။

"မမကအလုပ်ရော ဟုတ်ရဲ့လားနော် အလှတွေအများကြီးပြင်ထားသလိုဖဲ maeကြည့်ပါဦးမမကို သာမန်ထက်ပိုပြင်
ထားတာနော် maeသမီးတော့မရိုးတော့ဘူး
နော် လူကလေးတော့မြင်နေတယ်"

Gulfလေးဆိုသည်မှာလည်း သူ့အစ်မကို
ကြုံရင်ကြုံသလို စရသည်ကိုအင်မတန်
သဘောကျသောကောင်လေး လူကသာစ
နောက်နေတာ အစ်မဖြစ်သူကိုတော့
တစ်ကယ်ချစ်ပြီး သဝန်တိုတာကလည်းဒီ
ကောင်လေးပါဖဲ။

"လူကလေး အစ်မကိုတွေ့တာနဲ့စပြီ အခု
တော့ပုံစံတောင်ပြောင်းစလိုက်သေးတယ်
တစ်ခါတစ်ခါ အစ်မကအကြီးလား
လူကလေးကအကြီးလားဆိုတာ စဉ်းစား
နေရတယ်။လူကလေးပြောသလိုတွေ့နေပြီဆိုရင်တောင် မမအသက်အရွယ်နဲ့တွေ့နေ
သင့်နေပြီမဟုတ်လားကွယ်" အစ်မဖြစ်သူကလည်း သူချည်းစခံနေရသလိုဖြစ်နေတော့ ဒီကလေးကိုအတည်ပေါက်ကြီးနဲ့ကို
ပြန်စလိုက်တော့တာပါဖဲ။

Gulf ရဲ့စိတ်ကလေးက ကိုချစ်တဲ့သူဆို
နှမြောပြီး သဝန်တိုတတ်တဲ့စိတ်ကလေး
ကတော့အစစ်မှန်ရှိသည်။သူကသာစနေကျကို အစ်မကအတည်ပေါက်ကြီးနဲ့ ပြန်စလိုက်တော့ စိတ်တိုသွားတဲ့ပုံလေးက
တစ်ကယ်ချစ်စရာအပြည့်။

"Mae မမကိုပြောပါအုန်း သူ့ကိုသူအသက်
ကြီးတယ်ထင်နေပြီလားမသိဘူး သူ့ကိုပြောဦး"လူကလေးကသာ အမြဲစနှောက်
နေတာကို မြင်နေကျmaeကတော့ အခု
ပြန်စနေတဲ့သမီးဖြစ်သူကိုတစ်လှည့်
မျက်မှောင်လေးကျူံ့ကာ စိတ်တိုဟန်ပြနေတဲ့သားဖြစ်သူကိုတစ်ဖက် ကြည့်ကာ တစ်ပြုံးပြုံးရယ်ပါ။

Just the way u areWhere stories live. Discover now