Parr-10

255 23 0
                                    

"ဟူး လောကကြီးက ဘာရယ်မသိဘူး
နော် မတရားဘူးကွာ"Mildရဲ့ညည်းညူး
သံကမနေ့က မူးနေတဲ့သူဟာ သူမဟုတ်
တဲ့အတိုင်း။
စကားကို ကြီးကြီးကျယ်ကျယ်တွေ ပြော
နေတဲ့ Mildကို ကျွန်တော်နဲ့Jeanကတစ်
ချက်တော့ စိုက်ကြည့်နေမိသည်။

"နေပါအုန်း နေပါအုန်း နင်ကလောကကြီး
နဲ့ချီပြီးပြောနေရအောင် နင်ကဘာများ
ခက်ခဲပင်ပန်းတာတွေ လုပ်နေရလို့တုန်း။
ပြောလိုက်ရင် တစ်ကယ့်အကြီးကြီးတွေ
လူကောင်သေးသလောက်။
စကားပြောရင်လက်ပါတတ်တဲ့ Jeanကို
လည်း Mildကမနိုင်ပါ။

"အာ..အခုကျောင်းက ငါတို့ကိုလေ့လာရေးခရီး မထွက်ပေးသေးဘူး
လားမသ်ိဘူး။ငါတို့မေဂျာက ဘယ်ကို
ထွက်မှာလဲမသ်ိဘူးနော်။"
"အော်အဲ့တာကြောင့် လောကကြီးနဲ့ချီ
ပြီးပြောနေတာလားမင်းက။"
ဒီတစ်ခါပြောလိုက်တာကတော့
ကျွန်တော်ကိုယ်တိုင်ပါဖဲ။ပြောချင်တာကို
လိုရင်းကိုမရောက်တတ်တဲ့ ဒီသူငယ်ချင်း
ရဲ့အကျင့်က အခုထိကိုမပျောက်သေးတာ
တော့ မအံ့ဩတော့ပါ။

"Mild နင်ဟာလေ တစ်ခါတစ်ခါငါတွေးမိတာနင် Scholarနဲ့များ​ ရောက်လာတာ
ရောဟုတ်ရဲ့လားပေါ့။အပျော်အပါးတွေ
ဖဲ ခေါင်းထဲရောက်နေတယ်။Gulfက​
​တော့ ညာဏ်ကကောင်းပြီးတော့
စာသေချာ သူ့အစိတ်နဲ့သူလုပ်နေရတာ
မြင်ရတော့ မထူးဆန်းပါဘူး။"
Mildကလည်း Jeanပြောလည်းပြောချင်
စရာ။ပွဲပြီးသွားတာမှ မကြာသေးဘူး။
အခုလည်းလေ့လာရေးတဲ့။ဒီကောင်ဟာ
လေ ကျောင်းမှာစာလုပ်တာ အခုသူ
မဟုတ်တဲ့အတိုင်း။

"Gulf နင့်နောက်မှာ "Meiကတော့ အလန့်
တစ်ကြား။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်
ထိုင်နေတဲ့ Jeanတို့ကလည်း ပါးစပ်အ
ဟောင်းသား။Mildနဲ့ကျွန်တော်နဲ့ကတော့
စကားများရင် နောက်ကလှည့်မကြည့်
ဖြစ်။

"Gulf မင်းအတွက်တဲ့ Mewက။"ကျွန်
တော့်နောက်ကို ရောက်လာတာက P'Singပါ။လက်ထဲမှာလေ ကျွန်တော့်ကို
P'Mewပေးနေကျ အအေးဘူးလေးနဲ့။

"ကျေးဇူးပါ P'။"ခေါင်းထဲမှာတော့ P'Mew
"ဘယ်ရောက်နေလဲ။"လို့မေးချင်လို့ရယ်။
တစ်ကယ်တမ်း ပါးစပ်ကထွက်သွားသည်
ကတစ်မျိုးဖြစ်နေသည်။

Just the way u areWhere stories live. Discover now