Uniရဲ့ပိတ်ရက် တစ်ကယ်ကိုပြည့်ပြည့်ဝ
ဝအိပ်ရတဲ့ မနက်ခင်းလေးပါ။ ပိတ်ရက်ဆို
ပေမဲ့ သီချင်းကတော့ လေ့ကျင့်ရပါအုန်း
မည်။ တက္ကသိုလ်ရဲ့ welcomeလည်း
နောက်ငါးရက်နေရင် လုပ်တော့မည် ဖြစ်
သည်။ မနေ့က ကျွန်တော့်ကို လိုက်စနေတဲ့ လူကြီးဆီက အတွေ့အကြုံတွေရ
လိုက်ပါသေးသည် ။ကျွန်တော့်ကို
စနောက်နေတော့ ပုံစံတစ်မျိုး တစ်ခြား
ဂျူနီယာတွေကို ရှင်းပြပြောပြနေတုန်းကကျတော့ ပုံစံတစ်မျိုး။ တစ်ကယ်ကို မျက်နှာတည်တည်နဲ့ စနစ်တကျပြောနေပုံ
က ကျွန်တော့်ကိုစနေတဲ့ပုံနဲ့များ လားလားမျှမဆိုင်။"ဒီနေ့မှဖဲ Phorရောmaeရော မမရောနဲ့
နေ့လယ်စာလေး တူတူစားရတော့တယ်"
ဒီနေ့Phorကလည်း အလုပ်နားရက်ဆိုတော့ အိမ်မှာလူစုံ။ မမကတော့ ဆိုင်သွား
ရသေးသည်။ အိမ်မှာလူစုံလေး ထမင်းစားချင်တော့ မမလည်းအိမ်ကိုနေ့လည်
လေးတစ်ဖြတ် ပြန်လာသည်ပေါ့။"မမတို့က မနက်ကတည်းက မနက်စာတူတူစားတယ် လူကလေးကသာမနိူးတာလေ အိပ်ပုတ်လေးရဲ့" မမ micoက Gulf
ပန်းကန်ထဲ ဟင်းထည့်ပေးရင်း ပြော
သည်။"ဘာအိပ်ပုတ်လေးလဲ ဒီနေ့တစ်ရက်ဖဲ ကောင်းကောင်းအိပ်ရတာ လေ့ကျင့်ရေး
တွေကြောင့် ပင်ပန်းနေတာကို သိရက်
သားနဲ့"Gulfတစ်ကယ်ကို အစွာလေးပါ။
အိမ်မှာအငယ်ဆုံး အချစ်ခံရဆုံးနဲ့ အဆိုး
တုံးလေးပေါ့။"ကဲ ဒီမောင်နှမနှစ်ယောက် တွေ့တာနဲ့ကို တစ်ယောက်နဲ့တစ်ယောက်"maeကတော့
အမြဲတမ်း စနောက်နေတဲ့ Gulfတို့မောင်နှမ နှစ်ယောက်ကို မနိုင်ဘူးဆိုတဲ့အကြည့်လေးနဲ့ လှမ်းပြောသည်။"လူကလေး အရမ်းပင်ပန်းနေပြီလား Phorက လူကလေးတို့နဲ့ ဒီရက်ပိုင်းအေး
ဆေး စကားမပြောဖြစ်ဘူးကွယ်။ကုမ္ပဏီမှာ အလုပ်သင်ကလေးတွေ ရောက်လာတာမလို့ သူတို့အတွက်နေရာချထားပေး
နေတာနဲ့ အလုပ်တွေရူပ်ကုန်တာ။သားတို့ကို အချိန်မပေးနိုင်သလို ဖြစ်သွားတယ်။ဒီရက်ပိုင်းပါဖဲ ကလေးတို့ရယ်နော်"။မိသားစုအပေါ နွေးနွေးထွေးထွေးနဲ့ အချိန်
ပေးတတ်တာကတော့ Phorရဲ့ချစ်စရာ
ကောင်းတဲ့အကျင့်လေးပါ။ အခုလည်း
မ်ိသားစုအပေါ အချိန်မပေးသလိုဖြစ်နေလို့ ရှင်းပြနေသည်တဲ့လေ။