Part-13

255 18 1
                                    

"ဟာ ဒီကောင် မင်းဒါလေးကိုဖဲ နိုင်အောင်
ဆော့ပါအုန်းဆို လောဘကလာကြီးနေ
တယ်။ မင်းမနိုင်မှန်း သိရက်နဲ့ကို ငါ့ကို
လာပြီး စိန်ခေါမနေနဲ့ Mild။

​အချိန်အားဖြင့်နေ့လည် ၁၂ခွဲ။Mild တစ်
ယောက်ကတော့ ဂိမ်းလာကစားမယ်ပြော
ထားတဲ့အတိုင်း Gulfအိမ်သို့ရောက်လာပါ
သည်။ဂိမ်းဆော့ရင် အမြဲဆရာကျနေသော Gulfကိုစိန်ခေါကာ တစ်ပွဲပြီးတစ်ပွဲ
ဆော့နေတာ ထမင်းစားချိန်တောင် ကျော်လွန်ခဲ့တာ နှစ်ယောက်လုံးမှာ
သတိမထားမိ။

"ဒီတစ်ခါ တစ်ကယ်နိုင်မှာကြည့်နေ။ဒါနဲ့
ငါဗိုက်တောင်ဆာလာပြီ။မင်းတစ်ခုခု
ဝယ်မကျွေးချင်ဘူးလား။"
နိုင်အောင်ဆော့မည်ဟု ကြုံးဝါးပြီး အစား
ဖက်ကိုစိတ်ရောက် သွားပြန်တဲ့ Mildပါဖဲ။

"မင်းကငါ့အိမ်ကို ၁၁မှလာတာလေ။အဲ့ဒါကို အိမ်မှာထမင်းမစားခဲ့ဘူးလား။"

"၁၁ ငါကမနေ့ညကတည်းက မင်းအိမ်မှာ
လာအိပ်မယ်ပြောသားဖဲ။မင်းသာ မင်းလူနဲ့ လစ်ထွက်သွားတာလေ။အခုမနက်
လည်း မင်းမထသေးလို့ ၁၁မှလာပါဆို။ညတုန်းက ဘယ်လောက်တောင်မှ အချိန်
တွေကုန်ဆုံးခဲ့လည်း မသိဘူး။ပြီးတော့ မင်းငါ့ကို အရင်လိုလျှိုမထားနဲ့တော့။
မင်းယုံကြည်ရတဲ့သူ မဟုတ်ဘူးလား ငါက အဲ့ဒါကြောင့်မင်းပြောပြရမယ်။"

Mildပြောကာမှ Gulfတွေးမိသည်။အရင်
ကသူငယ်ချင်းဖြစ်သူ ဒီလိုအကြောင်းအရာတွေ လက်မခံသည်စိုးရျ်သာ မပြော
ပြခြင်းဖြစ်သည်။ငယ်သူငယ်ချင်းလည်း
ဖြစ် ကိုယ့်ကိုအကြံကောင်းပေးတဲ့သူကို
တော့ အဖြစ်မှန်ပြောပြရမည်မလား။

"Mild မင်းလက်ထဲက ဂိမ်းခလုတ်ကို
ခဏချအုန်း။"
"ငါဘာလို့ချရမှာလဲ။ရူံးသွားမှာပေါ့ဟ။"
မဟုတ်လည်း ရူံးမည့်အတူတူကို အသဲအသန်ဆော့ရင်း ပြောနေသော Mildပါဖဲ။

Gulf စိတ်မရှည်လာတော့ပါ။Gulfကိုယ်
တိုင်လက်ထဲက ဂိမ်းခလုတ်ကိုချပြီး Mildလက်ထဲက ခလုတ်ကိုပါ ဆွဲလုလိုက်
သည်။

"ငါနဲ့ P'Mewနဲ့ တွဲနေကြပြီ။"
Mildမှာတော့ ခလုတ်ကိုဆွဲယူခံရလို့
ကြောင်တောင်တောင် ဖြစ်နေရသည့်ကြား
ထဲမှ သူငယ်ချင်းဖြစ်သူရဲ့ ဆိုင်းမဆင့်
ဗုံမဆင့် ပြောပုံကို ကြားလိုက်ရတော့
အသံမထွက်ဖဲ အော်နေမိသည်။

Just the way u areWhere stories live. Discover now