MoonLight Uniရဲ့ The Whole Fresher
Welcomeသည် ထင်ထားသည့်အတိုင်း
တစ်ခန်းတစ်နားပင်။ ပွဲအပြင်အဆင်
မှာလည်း Jongcheveevatရဲ့ရှယ်ယာပါ
ထားတဲ့ကျောင်းဆိုသည့်အတိုင်း အ
ကာင်းဆုံးတွေကိုသာ ပြင်ဆင်ထား
သည်။ကျောင်းသားကျောင်းသူများက
လည်း သူ့အပြိုင်ကိုယ်အပြိုင် ကျော့ကျော့မော့မော့ လှလှပပနှင့် Uniဝန်းကြီး
မှာ မုန့်တန်းများဖြင့်ပါ စည်းကားနေသည်။"Nong Gulf Mewက ခဏလောက်ထွက်ခဲ့ပါအုန်းတဲ့ ဆေးမေဂျာအခန်းရှေ့မှာ
စောင့်နေတယ်တဲ့"စောင့်လှုပ်ရှားမူအပြည့်
နဲ့ မိတ်ကပ်ပြင်ဆင်တဲ့အခန်းထဲမှာ တစ်ယောက်တည်း ဖုန်းလေးသုံးရင်းထိုင်
နေရှာတဲ့ကောင်လေးကို P'Singကလာပြောရှာသည်။မဟုတ်ရင်တောင် သူလည်းလာတွေ့လို့ရတာကို ဒီနေ့မှထူးထူးဆန်းဆန်း ဘာများပါလိမ့်။
တွေ့ပါပြီ။ ဒီလူကြီးက တစ်ကယ်ကိုကြည့်
ကောင်းနေတာဗျ။သာမန်ရက်တွေမှလည်း
ချောတာကမပျက်။ ဒီနေ့လိုနေ့မျိုးမှာတော့ ဒီလူကအထင်ပေါဆုံးဖဲ။"P' ဘာပြောမလို့လဲ"သူရောက်လာတာ
တောင် တစ်ခွန်းမှမပြောဖဲ လျှောက်လာတဲ့တစ်လျှောက်လုံး လက်ပိုက်ကြည့်နေ
တဲ့လူကြီးက အခုထိလည်းမျက်တောင်မခတ် ဘာမှမပြောဖဲ ကြည့်နေတုန်းပင်။"P'ဘာမှမပြောတော့ဘူးဆို
ကျွန်တော်သွားတော့မှာနော်"။
Gulfရဲ့ခပ်မာမာလေသံလေးကြောင့်
ကျောက်ရုပ်ဖြစ်နေရှာတဲ့ လူကြီးမှာ
ရုတ်တရက်လန့်ပြီး
"မသွားပါသေးနဲ့ဦး ဒီတိုင်းလေးအားရ
အောင်ကြည့်နေတာကို"
"ကြည့်ဖို့အတွက်နဲ့ခေါတာလား။ အဲ့ဒါဆို
လည်း ကြည့်ပြီးပြီးမလား ပြန်တော့မယ်"။
Gulfထင်ထားသည် က ပြိုင်ပွဲအတွက် အားပေးစကားလေးများ ပြောလာမှလား
စိတ်လေးနဲ့စောင့်ခဲ့ရတာကို။အခုတော့
ဒီတိုင်းကြည့်ရုံလေးဆိုတော့ ဘာကိုဆိုလိုချင်တာလည်း မသိချင်တော့။Gulfကပြောပြီးပြီးချင်း ထွက်သွားမည်အလုပ် ရှေ့ကနေ Mewကခန္ဓာကိုယ်နဲ့ လာ
ပိတ်ရပ်နေသည်။ညာဖက်ကို ရှောင်လည်း
ညာဖက်ကိုလာပိတ်။ ဘယ်ဘက်ကိုရှောင်
လည်း ဘယ်ဘက်ကိုလိုက်ပိတ်။မသိရင်
စည်းချက်ညီညီ ကနေသလိုပင်။
![](https://img.wattpad.com/cover/252781629-288-k75942.jpg)