ကျွန်တော် ဒီကောင်လေးမေးတဲ့အဖြေကို
ဖြေဖို့ စဉ်းစားလိုက်ရတယ်ဗျ။သာမန်ဖြေ
ဖို့ လွယ်ကူနေပေမဲ့ ကျွန်တော်ကိုယ်တိုင်
က သူ့ပေါထားမိတဲ့ ခံစားချက်ကြီးက
ပုံမှန်မှ မဟုတ်တာဗျာ။ဘယ်လိုလွယ်
လွယ်ဖြေပေးနိုင်ပါ့မလဲ။Gulfကတော့ ဖြေလာမဲ့အဖြေလေးကို
ရပ်စောင့်နေတာ မုန့်တောင်းနေတဲ့ချစ်စရာကလေးလေးသဖွယ်။
"P'ကျွန်တော့်ကို အမှန်တိုင်းဖြေဖို့ လိုတယ်
နော်။P'အတွက်ဒါက အရေးကြီးလားမသိ
ပေမဲ့ ကျွန်တော့်အတွက် အများကြီးအရေးကြီးတာမို့"ဖြေလာမဲ့အဖြေဟာ
Gulfအတွက် ရှုပ်ထွေးနေသည့်အတွေးများရဲ့ အဖြေဖြစ်မည်ဆိုတာ Gulfသိ
သည်။"ဟုတ်ပြီ။ကိုကလည်း မင်းကိုအမှန်တိုင်း
ဖြေပေးမယ်။ဒါပေမဲ့ ကိုဆုံးအောင်ပြောပြီးမှ ကို့ကိုမေးခွန်းတွေမေးရမယ်။
မင်းအတွက်တင် မဟုတ်ဘူး။ဒီကလူအ
တွက်လည်း အရေးပါပါတယ်ကွ။"
Mewသက်ပြင်းလေးချ ရှေ့ကအဖြေကို
စောင့်နေတဲ့ ကောင်လေးရဲ့မျက်လုံးတွေကို သေချာစိုက်ကြည့်ရင်း" ကိုမင်းကို သဘောကျတယ်။မင်းကိုမြင်
ရရင်ကို ကို့အတွက် ပင်ပန်းစရာတွေမရှိ
တော့သလိုကို မင်းရဲ့အပြုံးတွေက အမောပြေစေတယ်။ဒီလိုသဘောကျနေမှုကို
လည်း ဘာတွေဖဲလာလာ ကိုရပ်တန့်မှာ
မဟုတ်ဘူးနော်။"
Mewရဲ့ပြောထွက်လာသော စကားများ
ကြောင့် Gulfမှာလက်ထဲက ပန်းစည်းလေး
တောင် ပြုတ်ကျသွားမှာ စိုးရိမ်သည့်အလား ထိန်းထားရသည်။"ငါ့ကိုဘာပြော
လိုက်တာလဲ။ဘာလို့ ဒီလိုတွေပြောပြ
နေရတာလဲဆိုတဲ့"မေးခွန်းပေါင်းများစွာကလည်း မော့ကြည့်နေတဲ့ မျက်လုံး
ဝိုင်းဝိုင်းလေးတွေမှာ ထင်ပေါနေသည်။Mewက ဘာတစ်ခွန်းမှမပြောဖဲ
ရှေ့ကစိုက်ကြည့်နေတဲ့ ကလေးလေးကို
ကြည့်ကာ ရှေ့ဆက်ပြောဖို့ အခွင့်အရေး
ပေးနေသလို ခံစားလိုက်ရသည်။"ကိုမင်းကို ချစ်တယ်လို့ မပြောသေးဘူး။
ချစ်တယ်လို့ လွယ်လွယ်ပြောထွက်တဲ့
လူမျိုးလို့လည်း အထင်မခံနိုင်ဘူး။မင်း
လည်းကို့ကို လေ့လာနိုင်သလို ကိုက
လည်း မင်းကိုအများကြီးလေ့လာဦးမှာ။
မင်းအကြောင်းကို အချိန်တိုင်းသိချင်နေ
လေ့လာနေမှ မင်းကို ကိုဘယ်လောက်
သဘောကျနေပြီလဲဆိုတာ သိနိုင်မှာ။
မင်းနဲ့အလွယ်တကူ ကြားထဲကဆက်နွယ်
မှုကြိုးကိုလည်း မချည်နှောင်ချင်သေးဘူး။ကိုပြင်ဆင်ဦးမယ် အများကြီး။တစ်ယောက်ဆို တစ်ယောက်ဖြစ်တဲ့
ကိုအတွက်က ဒီကကလေးလေးလို့ သတ်
မှတ်ထားတာမလို့ ထာဝရအတွက် အခိုင်
မြဲဆုံးဖြစ်ချင်တယ်။ကဲ ကိုပြောလို့ပြီးပြီး
Nong ကြိုက်တာမေးတော့"။
