Part 21 (Zawgyi)

82 9 2
                                    

"ဒေါက် ဒေါက် ဒေါက်"

ထွက်ပေါ်လာတဲ့တံခါးသံကြောင့် Offလဲတံခါးကိုသွားဖွင့်ပေးလိုက်တော့ တံခါးဝမှာJaneeကရပ်နေလေသည်။

Off: အော် Janeeပါလား

Janee: ဟုတ် P'Off Gunရှိလားဟင်

Off: အင်း ရှိပါတယ် အထဲလာလေ

Janeeလဲအခန်းထဲကိုဝင်လိုက်လာကာ ထိုင်လိုက်လေသည်။

Off: ခဏလေးနော် Gunကခုမှရေချိုးပီးလို့ ပြင်ဆင်နေတာ အကိုခေါ်ပေးမယ်နော်

Offလဲအိပ်ခန်းထဲကိုဝင်သွားပီး အလှပြင်နေတဲ့ သူ့ရဲ့ပေါက်စလေးရဲ့ပါးကိုနမ်းလိုက်ကာ

Off: ကလေး Janeeရောက်နေတယ် ကလေးနဲ့တွေ့ချင်လို့တဲ့

Gun: အော် ဟုတ်လား ခဏနော် ကလေးပီးတော့မယ်

Off: ကိုယ့်ကလေးကမပြင်ဆင်လဲလှနေပီးသားဘဲလေ အဲ့လောက်ပြင်နေစရာမလိုပါဘူး

Gun: Papiiကလေ အရမ်းအပြောကောင်းတာဘဲ Gunပြင်ပီးပါပီ Janee‌ဆီကိုသွားကြရအောင်

Offနဲ့Gunလဲဧည့်ခန်းထဲကိုပြန်လာပီး Janeeရှေ့ကခုံမှာဝင်ထိုင်လိုက်ကြကာ

Gun: ကဲ ဆို ဘာလာလုပ်တာလဲ

Janee: ငါနင့်ကိုချစ်နေတာကိုနင်သိတယ်မဟုတ်လားGun

Gunနဲ့Offလဲရုတ်တရပ်ဆိုတော့ အံ့ဩသွားတာပေါ့။ပီးမှ

Gun: အင်း ငါရိပ်မိပါတယ်

Janee: နင်ကလဲ အဲ့လိုစိတ်ပူနေတဲ့မျက်နှာကြီးလုပ်မနေစမ်းပါနဲ့ ပီးတော့P'Offလဲကျွန်မကိုစိတ်ပူမနေပါနဲ့ ကျွန်မကအခုP'Offနဲ့Gunကိုအသိလာပေးတာပါ

Off: အသိလာပေးတာ ဟုတ်လား ဘာကိုလဲ

Janee: မနေ့ကP'Offတို့ပြန်သွားတော့ ညီမတို့ဝိုင်းကိုPloyဆိုတဲ့မိန်းမတစ်ယောက်လာပီး ညီမနဲ့စကားပြောစရာရှိတယ်ဆိုပီး Mikeတို့နဲ့ခပ်လှမ်းလှမ်းနေရာကိုခေါ်သွားတယ်

Gun: လာပြန်ပီလား ဒီPloy

Off: စိတ်အေးအေးထားပါကလေးရယ် ဆက်ပြောပါအုံးJanee

Janee: သူကညီမကိုပြောတယ် Gunကိုချစ်နေတာမဟုတ်လားတဲ့ ဒါဆိုဘာလို့ပိုင်ဆိုင်ဖို့မကြိုးစားတာလဲတဲ့ သူကူညီပေးမယ်တဲ့

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now