Part 24 (Zawgyi)

67 8 6
                                    

ဘာလိုလိုနဲ့ Off Gunနဲ့အတူတူနေလာခဲ့သည်မှာ ၅လ‌ပြည့်ပီဖြစ်သည်။နောက်တစ်လဆိုရင်Gunနဲ့ခွဲရတော့မှာမို့ Offဝမ်းနည်းနေလေသည်။

Gunကခုတလောကျန်းမာရေးသိပ်မကောင်းဘူးလေ။မျက်ကွင်းလေးတွေတောင်ညိုနေပီး အိပ်မရတဲ့ညတွေလဲများနေတယ်။

အိပ်ဆေးကူမှအိပ်ရတဲ့အခြေအနေတောင်ရောက်နေပီဖြစ်တာကြောင့် ဆေးခန်းကိုသွားပြဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် သူကျောင်းကပြန်လာရင်းနဲ့ဝင်ပြပါတယ်တဲ့လေ။

Doctorကဘာပြောလဲလို့မေးတော့လဲ ဘာမှမဖြစ်ဘူး ရိုးရိုးခေါင်းကိုက်တာပါတဲ့လေ။Offကတော့သူနဲ့နေတဲ့အချိန်တိုင်းမှာ အရိပ်လိုကြည့်ပီးဂရုစိုက်ပေးပါတယ်။

Offကိုလဲကျောင်းကိုမလိုက်ခိုင်းတော့တာကြာပီဖြစ်သည်။တစ်ခါတစ်လေမှိုင်နေပီး မျက်နှာမကောင်းဖြစ်နေတတ်တာကို Offသတိထားမိလာလေသည်။

Gunရဲ့စိတ်တွေကိုဖတ်ဖို့Offအကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။Off Gunရဲ့စိတ်ကိုဖတ်လိုက်တဲ့အချိန်တိုင်းမှာ Gunကဘာမှတွေးမနေဘူးလေ။

ခုလဲမှန်တင်ခုံရှေ့မှာ ခေါင်းဖြီးနေတဲ့ ထိုကောင်လေးရဲ့အနားကိုသွားကာ ရပ်ပီးကြည့်နေမိလိုက်လေသည်။

Off: ကလေး ခေါင်းကိုက်သေးလားဟင်

Gun: နည်းနည်းပါPapiiရဲ့ စာတွေကျက်တာများလို့ပင်ပန်းပီးခေါင်းကိုက်တာပါ ဘာမှမဖြစ်ပါဘူး

Off: ဒီနေ့ကျောင်းကိုကိုယ်လိုက်ခဲ့မယ်နော် ပြန်လာရင်ကိုယ်နဲ့အတူတူဆေးခန်းသွားပြကြရအောင်နော် ကိုယ်ကလေးကိုစိတ်ပူတယ်

Gun: Papiiကျောင်းကိုလိုက်လဲ Gunကစာသင်နေရင် Papiiတစ်ယောက်ထဲပျင်းနေမှာစိုးလို့ပါ

Off: ကိုယ်မပျင်းပါဘူး လိုက်ခဲ့ပါရစေနော်

Gun: ဒါဆိုဒီလိုလုပ် ဒီနေ့တော့မလိုက်ခဲ့နဲ့ တက်ရမယ့်အတန်းချိန်တွေကအရမ်းများတယ် Papiiပိုပျင်းလိမ့်မယ် မနက်ကျရင်လိုက်ခဲ့ ဟုတ်ပီလား ပီးရင်Gun ကိုစိတ်ပူမနေပါနဲ့ Gunကျောင်းကပြန်လာရင် ဆေးခန်းဝင်ပြလာခဲ့မယ်နော် ဟုတ်ပီလား

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now