Part 9 (Unicode)

137 31 8
                                    

Gunတို့အတန်းသွားတက်နေတုန်း Offကိုကျောင်းကန်တင်းထဲမှဆိုင်တစ်ဆိုင်မှာထားခဲ့လေသည်။

အတန်းပြန်ဆင်းတော့ သူတို့အားလုံးOffဆီကိုပြန်လာကြလေသည်။ထိုအချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့ Offဘေးမှာကောင်မလေးချောချောလေး၃ယောက်က
ထိုင်ပီးစကားပြောနေကြလေသည်။

Mike: ဟေ့Gun မင်းရဲ့အခန်းဖော်ကစွံ့လိုက်လားကွ ဒီနေ့မှကျောင်းကိုလိုက်လာတယ် ကောင်မလေးတွေနဲ့တောင်အီလို့ရနေပီဟ

Gunsmile: ဟုတ်ပကွာ ငါများတော့ဒီကျောင်းမှာတက်လာတာ၃နှစ်လောက်ရှိနေပီ ဘယ်သူမှလဲငါ့ကိုမကြိုက်ကြဘူး

Janee: နင့်ရုပ်ကလဲတည်တည်တံ့တံ့မှမနေတာ ဘယ်သူကကြိုက်ချင်မှာလဲ

စကားတစ်ခွန်းမှမပြောဘဲငြိမ်ပီး Offနဲ့ထိုကောင်မလေးသုံးယောက်ကိုကြည့်နေတဲ့Gunကို Janeeသတိထားမိသွားကာ

Janee: Gunနင်ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား

Gun: အင်း ပြေပါတယ် ငါဘာမှမဖြစ်ပါဘူး လာ သွားကြမယ်

တကယ်တော့GunအခုလိုOffကိုကောင်မလေးတွေနဲ့တွဲပီးတွေ့လိုက်ရတာ သူ့အတွက်လုံးဝကိုအဆင်မပြေပါ။

ဘာကြောင့်လဲဆိုတာတော့သူကိုယ်တိုင်လဲမသိပါဘူး။ရင်ထဲမှာဝမ်းနည်းလာသလိုလို စိတ်တိုလာသလိုလိုဖြစ်နေတော့တယ်။

တကယ်တော့သူOffနဲ့စတွေ့ကထဲက သူ့ရင်ထဲမှာတစ်မျိုးဖြစ်နေတာကိုသူသတိထားမိပါတယ်။အဲ့ဒါကဘယ်လိုမျိုးလဲဆိုတာကိုသာသူသေချာနားမလည်နိုင်တာဖြစ်သည်။

Offဆီကိုရောက်တော့ GunကOffရဲ့ပုခုံးပေါ်ကိုလက်တင်လိုက်ကာ

Gun: Papii ပြန်ကြမယ်လေ

Girl 1; ပြန်ကြတော့မလို့လား P'Off ကျွန်မကို ဖုန်းနံပါတ်လေးများပေးလို့ရမလားရှင့်

Girl 2: ဟုတ်တယ်P'Off ညီမကိုလဲပေးပါနော် လွမ်းရင်ဖုန်းလှမ်းဆက်လိုက်လို့ရတာပေါ့

Girl 3: သူတို့ကိုဘဲမပေးနဲ့နော် ဒီကအရမ်းချောမောလှပတဲ့ညီမလေးကိုလဲပေးနော်P'Off

Gunစိတ်ထဲကတော့ ထိုမိန်းကလေးသုံးယောက်ရဲ့ အရှက်မရှိဘဲဖြစ်ပျက်နေကြပုံစိတ်ထဲကနေ မေတ္တာပို့နေလေတော့သည်။

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now