Part 2 (Unicode)

244 38 6
                                    

"ခမည်းတော်ဘုရား သားတော်ကိုပြင်ပကမ္ဘာလောကသို့သွားခွင့်ပြုပါဘုရား"

"ဘယ်လို"

သားတော်ဖြစ်သူOff Jumpolရဲ့စကား
ကြောင့်ခမည်းတော်ဖြစ်သူမှာ အရမ်းကိုအံ့သြသွားလေသည်။

သူတို့နန်းတော်အတွင်းကသူတွေက ပြင်ပကမ္ဘာလောကကိုသွားဖို့ဘယ်သူကမှ Off Jumpolလိုမတောင်းဆိုခဲ့ဖူးဘူးလေ။

"သားတော်ကဘာလို့သွားချင်ရတာလဲ"

"သားတော်ရဲ့ဖူးစာရှင်ကိုသွားရှာမလို့ပါဘုရား"

"အမလေး သားတော်ရယ် ဖူးစာရှင်ရှာတာများ ကိုယ့်တိုင်းပြည် ကိုယ့်နန်းတော်မှာရှာပါလား ဘယ်လိုဖြစ်ပီး ပြင်ပကမ္ဘာလောကက်ို သွားရှာချင်နေရတာတုန်း"

"သားတော်တို့တိုင်းပြည်မှာ သားတော်ရှာလာနှစ်ပေါင်းထောင်နဲ့ချီပီးကြာနေပါပီဘုရား သားတော်ချစ်တဲ့သူကို မတွေ့သေးလို့ပါဘုရား သားတော်ကိုသွားခွင့်ပြုပါဘုရား"

ထိုအချိန်မှာဘဲ မင်းသားလေးOff Jumpolကိုနှစ်ပေါင်းထောင်နဲ့ချီကာ တစ်ဖက်သတ်ချစ်ကြိုက်နေတဲ့ မင်းသမီးPloyမှဝင်တားပါတော့တယ်။

"ဘုရင်ကြီးရှင့် မင်းသားလေးကိုပြင်ပကမ္ဘာလောကသို့မလွှတ်သင့်ကြောင်းပါ လူဆိုတဲ့အမျိုးကအရမ်းကို မာယာပရိယာယ်များလွန်းလှပါတယ် မင်းသားလေးတစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်မိပါတယ်ဘုရား"

မင်းသားလေးဖြစ်တဲ့Offမှ မင်းသမီးPloyကိုမျက်စောင်းထိုးပီးပြန်ကြည့်ကာ

"ငါကိုယ်တော်ဘာသာ ငါကိုယ်တော်ဘာဘဲဖြစ်ဖြစ် မင်းသမီးနဲ့မဆိုင်ဘူးလို့ထင်ပါတယ် ပီးတော့ ငါကိုယ်တော်သွားမယ့်လမ်းခရီးကို မင်းသမီးလိုက်နှောက်ယှက်နေလို့အောင်မြင်သွားရင်လဲ ငါကိုယ်တော်က မင်းသမီးကိုလက်ဆက်မှာမဟုတ်ဘူးဆိုတာကိုသိထားပေးပါ"

Ployလဲ Offစကားကြောင့် နှုတ်ခမ်းဆူကာငြိမ်သွားလေတော့သည်။Offလဲသူ့ခမည်းတော်နှင့်မယ်တော်ကိုပြန်ကြည့်ကာ

"မယ်တော်ဘုရား ခမည်းတော်ကိုကူပြောပေးပါအုံးဘုရား"

"သားတော်လေးသွားချင်နေတာကိုသွားခွင့်ပြုလိုက်ပါ"

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now