Part 6 (Zawgyi)

109 13 2
                                    

Gunတစ်ယောက် Partyပွဲကိုရောက်တော့ အရက်များသောက်ကာ ရီဝေဝေဖြစ်လာလေသည်။

Mikeနဲ့Gunsmileကတော့ ထုံးစံအတိုင်းပတ်မွှေနေကြလေရဲ့။Janeeကတော့ Gunနားမှာထိုင်နေကာ Mikeနဲ့Gunsmileကိုကြည့်နေသည်။

ခဏကြာတော့Gunsmileတစ်ယောက် သူတို့ရှေ့ကနေ နည်းနည်းလှမ်းတဲ့ဘက်ကိုထွက်သွားသဖြင့်

Janee: Gun ဟိုကောင်Gunsmileတော့ဟိုးဘက်ရောက်သွားပြန်ပီ ဘယ်ကောင်မလေးကိုသွားကြောင်နေပြန်ပီလဲမသိဘူး ငါလိုက်ကြည့်လိုက်အုံးမယ်နော်

Gun: အေးပါ ကြည့်ထိန်းလိုက်အုံး တော်ကြာအဲ့ကောင်ပြသနာရှာနေအုံးမယ် ငါပါလိုက်ပေးရမလား

Janee: ရပါတယ် ငါ့ဘာသာငါဘဲသွားလိုက်ပါ့မယ် နင်လဲအရမ်းသောက်မနေနဲ့နော် ငါနင့်ကိုပါလိုက်မထိန်းနိုင်ဘူးနော် သုံးယောက်လုံးသာလိုက်ထိန်းရရင်ငါသေရချည်ရဲ့

Gun: အေးပါ ငါအများကြီးမသောက်ပါဘူးဟ

Janee: အင်း ဒါဆိုငါသွားလိုက်အုံးမယ်နော်

Gunခေါင်းညိမ့်ပြလိုက်တော့ JaneeလဲGunအနားမှထကာ Gunsmileကိုလိုက်ရှာနေလေသည်။

ဟော...တွေ့ပါပီ ဒင်းကကောင်မလေးတစ်ယောက်နဲ့အတင်းလိုက်တွဲကနေလေရဲ့။ကောင်မလေးကတော့သူနဲ့ကချင်တဲ့ပုံစံမပေါ်ဘဲ သူ့သူငယ်ချင်းကောင်မလေးနားကိုသာ အတင်းတိုးကပ်ပီး ကနေလေသည်။

Janeeလဲအခြေအနေမဟန်မှန်းသိတာ
ကြောင့် Gunsmileဆီသို့သွားကာ ပုခုံးကိုပုတ်လိုက်လေသည်။

Gunsmileလဲအမှတ်တမဲ့ဆိုတော့ လန့်သွားကာနောက်ပြန်တွန်းလိုက်မိသဖြင့် Janeeလဲကျတော့မလိုဖြစ်သွားလေသည်။

Janeeကတော့သူလဲကျတော့မည်ထင်ကာ လန့်သွားသော်လည်း လက်တစ်စုံကဖမ်းပီးထိန်းထားပေးသဖြင့် လဲကျမသွားပေ။

သို့သော်အခုအနေအထားက Janeeကထိုလူရဲ့ရင်ခွင်ထဲရောက်နေလေတော့သည်။Janeeလဲထိုလူ့မျက်နှာကို သေချာကြည့်လိုက်တော့ တကယ်ကိုလူချောတစ်ယောက်ဖြစ်နေလေသည်။

Gunsmileကတော့ အဲ့တော့မှသူငယ်ချင်းဖြစ်သူကို ပြန်ကြည့်ပီး ပြာပြာသလဲဖြင့် ၁၁ထိုလူ့လက်ထဲမှ ပြန်ဆွဲလိုက်ကာ

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now