Part 4 (Unicode)

185 33 8
                                    

"အားးးးးးး"

Gunရဲ့စူးစူးဝါးဝါးအော်သံကြောင့် အိပ်ပျော်နေတဲ့မင်းသားလေးOff Jumpolတစ်ယောက် မျက်လုံးကိုပွတ်သတ်ကာထထိုင်လိုက်လေသည်။

Off: အသင်လူသား ဘာလို့အဲ့လောက်အော်နေရတာလဲ ငါကိုယ်တော်မင်းသားလေးအိပ်ရေးပျက်တယ်

Gun: ခင်ဗျား ခင်ဗျားကဘယ်သူလဲ ဘယ်လိုလုပ်ပီးကျွန်တော့်အိပ်ခန်းထဲရောက်နေရတာလဲ

Offလဲခဏစဥ်းစားလိုက်ပီး ခေါင်းကုတ်လိုက်ကာ

Off : ဘယ်လိုရောက်လာလဲဆိုတာငါကိုယ်တော်လဲမသိဘူး

Gun: ဟေ့လူ အူကြောင်ကြောင်တွေလာလုပ်မနေနဲ့နော် ကြည့်စမ်းပါအုံး ဝတ်ထားတာကလဲရှေးခေတ်ဝတ်စုံနဲ့ ခင်ဗျားကပြဇာတ်အဖွဲ့ထဲကလား

Off: ငါကိုယ်တော်ကဘုရင့်သားတော်မင်းသားလေးလေ ဘယ်ကသာပြဇာတ်အဖွဲ့ထဲကလဲ ဒီကလေးလေးကတော့ ပေါက်ကရတွေလာပြောနေတယ်

Gun; ဘာကလေးလဲ ကျုပ်ကကလေးမဟုတ်ဘူးဗျ ကျုပ်အသက်၂၂နှစ်ဖြစ်နေပီ ကလေးလို့လာမခေါ်နဲ့

Off: ဟားးးဟားးးးး၂၂နှစ်ဟုတ်လား ငါကိုယ်တော့်အသက်ရဲ့အစွန်အဖျားလေးတောင်မရှိတဲ့ကလေးလေးကများ ဟားးးးဟားးးးး

Gun; အဲ့လောက်လေကျယ်နေရအောင် ခင်ဗျားအသက်ကဘယ်လောက်မို့လို့တုန်း

Off: ငါကိုယ်တော်ရဲ့အသက်၁၅၆၈နှစ်ဖြစ်နေပီကွယ့်

Gun: ဘာ ခင်ဗျားရူးနေလား ခင်ဗျားအသက်ကအလွန်ဆုံးရှိမှ၂၇လောက်ပါ ကျစ်...ငါလဲအရူးနဲ့မှစကားလာပြောမိနေရတယ်လို့

Off: ဟိတ် ဟိတ် မရိုင်းနဲ့နော် ငါကိုယ်တော်ကဘုရင့်ရဲ့သားတော်နော် မင်းကိုငါ့အစွမ်းတွေနဲ့အပြစ်ပေးလိုက်မှာ

Gunကတော့Offကိုကြည့်ကာ စိတ်ထဲက

"ဒီလူတကယ်ရူးနေတာထင်တယ် သနားတော့သနားပါတယ် ငယ်ငယ်လေးနဲ့ရူးနေရှာတာဘဲ" ဟုတွေးလိုက်လေသည်။

Offကတော့Gunကိုမျက်မှောင်ကုတ်ပီးကြည့်ကာ

Off: ဒီမှာ ငါကိုယ်တော်ကမရူးပါဘူးလို့ပြောနေတယ်လေ ဘာလို့လာသနားနေရတာလဲ

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now