Gunသတိရလာတော့ သူ့ဘေးနားမှာMikeတို့ကထိုင်နေလေသည်။
Mike: သတိရလာပီလားGun
Gun: အင်းးးး
Gunsmile: ဆရာဝန်ကပြောတယ် မင်းမှာဘာရောဂါမှမရှိတော့ဘူးတဲ့ သူရော ငါတို့ပါအရမ်းကိုအံ့ဩနေကြတာ
Gun: ဘာ ငါ့မှာဘာရောဂါမှမရှိတော့ဘူး ဟုတ်လား
Janee: ဟုတ်တယ်Gun နင့်အဖြစ်ကအရမ်းကိုထူးဆန်းလွန်းနေတယ် ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့လူတစ်ယောက်က ခုချက်ချင်းကြီးဘာရောဂါမှမရှိတော့ဘူးဆိုတော့ နတ်တွေကအစွမ်းနဲ့လုပ်ပေးသွားသလားအောင့်မေ့ရတယ်
Mike: ဟုတ်တယ် နတ်တွေက မင်းကိုငါတို့နဲ့မခွဲသွားချင်လို့ မင်းရဲ့ရောဂါကိုပျောက်အောင်လုပ်ပေးသွားတာနေမှာ ဟားးးဟားးး
Mikeတို့ပျော်ရွှင်နေကြပေမယ့် Gunကတော့မပျော်ရွှင်နိုင်ပါ။သူ့ရဲ့Papiiကတကယ်ဘဲ သူပြောသလိုလုပ်သွားတာလားလို့တွေးကာလန့်သွားလေသည်။
Gun: Papiiရော Papiiဘယ်မှာလဲ
Gunsmile: P'Offကငါတို့ကိုထူးထူးဆန်းဆန်းတွေပြောပီးထွက်သွားတာဘဲ အခန်းပြန်သွားတာနေမှာပေါ့
Gun: ဘာလဲ သူမင်းတို့ကိုဘာတွေပြောသွားတာလဲ
Mike: မင်းကိုသူအရမ်းချစ်ပါတယ်တဲ့ မင်းရဲ့ကျန်ရှိနေသေးတဲ့ဘဝမှာကောင်းကောင်းမွန်မွန်နဲ့ပျော်ပျော်ရွှင်ရွှင်အသက်ရှင်နေပါတဲ့ သူ့ကိုတော့ခွင့်လွှတ်ပေးပါတဲ့လေ
Gun: ဟာ Papiiရာ အဲ့လိုမလုပ်ပါနဲ့လို့ပြောထားတဲ့ကြားထဲက လုပ်ဖြစ်အောင်လုပ်သွားသေးတယ်
ငိုပီးပြောလာတဲ့Gunကြောင့်Janeeတို့လဲလန့်သွားတာပေါ့။
Janee: ဘာဖြစ်လို့လဲGun ငါတို့ကိုပြောပြအုံးလေ
Gunကတော့ချက်ချင်းဘဲ ဆေးရုံမှ သူ့အခန်းဆီသို့ပြန်ပြေးသွားလေတော့သည်။နောက်ကပြေးလိုက်လာတဲ့Mikeတို့ကိုလဲသူဂရုမစိုက်နိုင်တော့ဘူးလေ။
ဖိနပ်တောင်မစီးဘဲပြေးလာတဲ့Gunရဲ့
ခြေဖဝါးနုနုလေးမှာတော့ သွေးများပင်စို့နေပီဖြစ်သည်။Gunကတော့ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ သူ့အခန်းဆီသို့သာ ငိုယိုပီးပြေးနေလေရဲ့။