Part 1 (Unicode)

353 46 16
                                    

ခမ်းနားကြီးကျယ်ပီးလှပလွန်းတဲ့နန်းတော်တစ်ခုရဲ့ ရေကန်နားမှာရှေးခေတ်ဝတ်စုံနဲ့မင်းသားလေးတစ်ပါးထိုင်နေလေသည်။

ထိုမင်းသားလေးရဲ့နာမည်ကတော့ Off Jumpolပေါ့။မင်းသားလေးကတော့ သူ့ဘေးနားမှာရှိတဲ့ကျောက်စရစ်ခဲတစ်ခဲကိုယူပီး ရေကန်ထဲကိုအားကုန်လွှဲကာပစ်ချလိုက်တယ်။

Off: ဟူးးးးစိတ်ညစ်လိုက်တာ ခမည်းတော်ကလဲဘာလို့ငါ့ကိုအတင်းလက်ဆက်စေချင်နေလဲမသိပါဘူး ကိုယ့်ဘာသာကိုယ်အေးအေးဆေးဆေးကိုမနေရဘူး ဘယ်သူ့ကိုမှမချစ်ပါဘူး မလိုချင်ပါဘူးဆိုနေ

Off Jumpolတစ်ယောက် နှုတ်ခမ်းဆူပီးပွစိပွစိပြောနေလေတော့သည်။သူ့နောက်မှာရောက်လာတဲ့ သူ့ရဲ့ငယ်ကျွန်တစ်ဖြစ်လဲ သူငယ်ချင်းအပေါင်းအဖော်ဖြစ်သူWhiteရောက်နေသည်ကိုပင်သူမသိပေ။

Whiteလဲ Offဘေးနားကိုဝင်ထိုင်လိုက်ကာ

White: မင်းသားလေး စိတ်ညစ်နေပြန်ပီလား

Off: အင်း ဟုတ်တယ် ငါကိုယ်တော်လက်မဆက်ချင်ပါဘူးဆိုနေမှ ခမည်းတော်နဲ့မယ်တော်ကဘာလို့အတင်းတစ်ယောက်ပီးတစ်ယောက်နဲ့လက်ဆက်ပေးချင်နေရတာလဲဆိုတာစဥ်းစားလို့ကိုမရဘူး

White: ဒါကတော့မင်းသားလေးရယ် ဘုရင်ကြီးတို့ရဲ့သားတော်တွေသမီးတော်တွေအကုန်လုံးက လက်ဆက်ပီးကုန်ကြပီလေ မင်းသားလေးတစ်ပါးဘဲ လက်မဆက်ရသေးတော့ ဘုရင်ကြီးတို့လဲမင်းသားလေးကိုမြန်မြန်လက်ဆက်စေချင်တာနေမှာပေါ့

Off: ဒါပေမယ့်ငါကိုယ်တော်မှလက်မဆက်ချင်တာ

White: ဘုရင်ကြီးတို့ကလဲအတင်းလက်ဆက်ခိုင်းနေတာမဟုတ်ပါဘူးမင်းသားလေးရယ် မင်းသားလေးချစ်တဲ့သူကိုဘုရင်ကြီးတို့ကလဲရွေးချယ်ခိုင်းထားတာဘဲလေ

Off: ငါကိုယ်တော်မှဒီနန်းတော်ထဲကဘယ်မင်းသမီးကိုမှလက်မဆက်ချင်တာ ငါကိုယ်တော်ရဲ့အသက်၁၅၀၀ကျော်နေပီ တစ်ယောက်မှချစ်ရမယ့်သူမတွေ့ဖူးသေးဘူး

White: မင်းသားလေးကချစ်ရသူကို နန်းတော်ထဲမှာမတွေ့ဘူးဆိုတော့ ပြင်ပကမ္ဘာလောကမှာသွားရှာကြည့်ပါလား တွေ့ချင်တွေ့မှာပေါ့

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now