Part 25 (Unicode)

126 30 11
                                    

Offတစ်ယောက်Gunကျောင်းသွားရန်ပြင်ဆင်နေတုန်း အမှိုက်တောင်းကိုသွားသွန်ရင်းနဲ့ အမှိုက်တောင်းထဲက ဆံပင်အထွေးလိုက်များစွာကို မြင်လိုက်လေသည်။

Off: ဟင် ဆံပင်တွေအများကြီးပါလား ငါ့ဆံပင်တွေလဲမဟုတ်ပါဘူး မဟုတ်မှလွဲရောကလေးရဲ့ဆံပင်တွေများလား

Offလဲအခန်းထဲကိုပြန်ဝင်လာပီး Gunနားကိုသွားကာ

Off: ကလေး အမှိုက်ခြင်းထဲမှာ ဆံပင်တွေအများကြီးတွေ့တယ် ကလေးဆံပင်တွေဘာလို့အဲ့လောက်တောင်ကျွတ်နေတာလဲ

Gun: ဟို ဟိုလေ အဲ့တာက Gunကခေါင်းလျှော်ရည်‌အသစ်ပြောင်းသုံးလိုက်မိလို့ မတည့်လို့ကျွတ်တာပါPapiiရဲ့ ဘာမှမဖြစ်ပါဘူး

OffလဲGunရဲ့ခေါင်းလေးကိုပုတ်ကာ

Off: မတည့်ရင်မသုံးနဲ့တော့လေကလေးရယ် တော်ကြာကိုယ့်ကလေးက ကတုံးလေးဖြစ်နေပါအုံးမယ် ခုတောင်ဆံပင်တွေပါးနေပီ ဘယ်လောက်တောင်ကျွတ်နေလဲမသိဘူး

Gun: Gunကတုံးဖြစ်သွားရင်Papiiကမချစ်တော့ဘူးပေါ့လေ😒

နှုတ်ခမ်းလေးဆူပီးပြောလာတဲ့ထိုကလေးရဲ့ပါးလေးကို Offနမ်းလိုက်ကာ

Off: ချစ်တာပေါ့ ချစ်တာမှအရမ်းကိုချစ်တာ ဒါနဲ့ကလေးခုတလောတော်တော်ပိန်သွားတယ်နော် ပါးဖောင်းဖောင်းလေးတွေလဲပျောက်နေပီ မျက်ကွင်းတွေလဲညိုနေတယ် ကလေးမနေ့ကဆေးခန်းဝင်ပြခဲ့တာရောဟုတ်လို့လား ကိုယ့်ကိုလိမ်နေတာလား

Gun: ပြပါတယ်ဆိုမှဘဲPapiiရယ် မယုံရင်ကျောင်းရောက်ရင်ဟိုကောင်တွေကိုမေးကြည့်လိုက် မနေ့ကသူတို့ပါဆေးခန်းလိုက်ပို့ကြတာ

Off: မလိမ်ရင်လဲပီးတာပါဘဲ ကိုယ်ကကလေးကိုစိတ်ပူလို့မေးတာပါ

Gun: စိတ်မပူနဲ့နော် Gunဘာမှမဖြစ်ပါဘူး ကဲ Papiiလဲပြင်ဆင်ပီးနေပီမဟုတ်လား ကျောင်းသွားကြရအောင်နော်

Gunဒီနေ့Offပါပါတာကြောင့် Offကိုကားမောင်းခိုင်းပီး သူကဘေးကနေလိုက်စီးလေသည်။ခေါင်းထဲကတစစ်စစ်နဲ့ကိုက်နေတဲ့ဒဏ်က Gunအတွက်အရမ်းကိုခံစားရခက်လှသည်။

လွန်ခဲ့တဲ့၂ပတ်က ကျောင်းကပြန်လာရင်းနဲ့ လမ်းမှာခေါင်းအရမ်းကိုက်ပီးဘယ်လိုမှနေမရတော့လို့ အနားမှာတွေ့တဲ့ ဆေးရုံကိုဝင်ပြမိလိုက်တယ်။

ရာဇဝင်ထဲကချစ်ရသူWhere stories live. Discover now