အပိုင်း ၄၅

1.3K 119 5
                                    

Zawgyi....

+

Unicode....

Zawgyi....
🌺....

THE LOUDEST SILENT[..最响亮的沉默..]

Chapter: 43- 45
C__45
__________________________________

အပိုင်း(၄၅)~ချစ်​ခဲ့ပြီး​နောက်​ ဆက်​ချစ်​မည်

နောက်​ဆုံးအချိန်​အထိ
✨✨

မှုန်​၀ါးဝါး​ကြေးမှုန်​ပြင်​​ရှေ့မှာ ထိုင်​​နေတဲ့ တစ်​​ယောက်​​သောသူရဲ့ နှုတ်​ခမ်းတို့က တိကျ​သေ သပ်​စွာတင်းတင်းစိလျက်​၊မျက်​၀န်းများက တစ်​စုံတစ်​ခု​ကြောင့်​ ဆုံးဖြတ်​ချက်​ခိုင်​မာ​နေပုံ​ပေါ်သည်​..
အနီရဲရဲ ဇာမဏီမင်္ဂလာဝတ်​စုံကို ဆင်​မြန်းထားပြီး၊သူ၏​ဘေးမှ ၀မ်းနည်းငို​ကြွေး​နေကြသည့်​ အ​စေခံမ​လေးနှစ်​ဦးက သူ့ရဲ့ ဦး​ခောင်းထပ်​တွင်​ ဧကရီတစ်​ဦး၏ အ​ဆောင်​အ​ယောင်​များကို ၀တ်​ဆင်​လို့​ပေး​နေကြသည်​...

"မင်းတို့ကိုပါ..ဒုက္ခ​ပေးမိပြီ...ပြီးရင်​​တော့ ဒီ​နေရာက အမြန်​ဆုံးထွက်​သွားကြ​တော့.."

ပြတ်​သား​သောအမိန့်​သံ​ကြောင့်​ အ​စေခံမ​လေးတို့ ပို၍ငို​ကြွေးလာကြသည်​..
သူတို့ရဲ့ဧကရီအား သူတို့သည်​ အချိန်​အများကြီး မခစားခဲ့ရ​သော်​လည်း၊ ဧကရီရဲ့နူးညံ့တဲ့စိတ်​ထားနဲ့ ဧကရာဇ်​အ​ပေါ်ချစ်​မြတ်​နိုးခြင်းကို လက်​​တွေ့မြင်​​တွေ့ခဲ့ရသည်​..
ယခုလိုအချိန်​မျိုးတွင်​​တောင်​ ဧကရီက သူမတို့လို အ​စေခံ​လေးများကိုပင်​ လွတ်​​မြောက်​ရာလမ်း​ပေးခဲ့သည်​...

"ဧကရီ..."

စို့နင့်​​နေတဲ့သူမတို့အသံကို ဧကရီက ​ကျောခိုင်းကာ အခန်းတံခါးကို ​ဖြေးညှင်းစွာဖွင့်​ပြီး အပြင်​ဖက်​သို့ ထွက်​သွားခဲ့သည်​...

နန်း​တော်​ထဲရှိ ​နေရာတိုင်းတွင်​ ခုခံတိုက်​ခိုက်​ထားသည့်​ ရဲမက်​​ပေါင်းများစွာရဲ့ အ​လောင်းများနဲ့ ​သွေးများက ပြန့်​ကျဲလို့​နေသည်​..
သူက စိတ်​ကိုပိုလို့တင်းကျပ်​လိုက်​ပြီး ခပ်​လှမ်းလှမ်းမှာမြင်​​နေရတဲ့ ဦးတည်​ရာကို လှမ်း​လျောက်​လို့​နေသည်​...

THE LOUDEST SILENT[..最响亮的沉默..]completeWhere stories live. Discover now