Zawgyi...
+
Unicode ...
Zawgyi
🌺THE LOUDEST SILENT[..最响亮的沉默..]
Chapter: 14 - 16
__________________________________အပိုင်း(၁၄)အိပ်ပျော်နေသော အလှလေး~
မာနကြီးလွန်းသည်
✨✨ဒီကနေ့အတွက် ၂ကြိမ်မြောက်အဖြစ် သမား
တော်ကြီးသည် နန်းတွင်းထဲသို့ ကပျာကယာ
ဝင်လာကာ မင်းကြီးအိပ်ယာထက်မှ ကိုယ်
လုပ်တော် jun အား ဂရုတစိုက် စမ်းသပ်ခြင်း
ပြီးဆုံးသွားနောက် ဂရုစိုက်ရန်သာ ထပ်မြန်
မှာကြားလျက် အလျင်အမြန် ထွက်ခွာသွား
တော့သည်.....ဟင်း.....
အိပ်ပျော်နေသော ကိုယ်လုပ်တော် jun ၏
လက်ဖ၀ါးအား ခပ်ဖွဖွ ဆုတ်ကိုင်လျက် မင်း
ကြီးဟာ အကြိမ်ကြိမ် သက်မချလို့နေသည်....နေမကောင်းသည့် သူ့အား ဂရုစိုက်ရန် အ
ထပ်ထပ်မှာကြားခဲ့ပါသော်လည်း ပြန်လည်
မေ့မြောသွားအောင်ပင် မိမိက ပြုလုပ်ခဲ့မိသည်.. ..ကောင်းကောင်းဆက်ဆံရန် ကြိုးစားခဲ့ပေမဲ့
လည်း မိမိရဲ့ ဂရုစိုက်မှုကို အထင်လွဲရက်သူ
အား ဒေါသထွက်ခဲ့မိသည်....ညီလာခံတွင် အမူအရာမပြောင်းလဲတက်သော
မိမိသည် ဤလူသားနှင့်တွေ့ပါမှ ဒေါသအမျက်
ချောင်းချောင်းထသည်အား သတိလက်လွတ်
ထုတ်ဖော်ပြခဲ့မိသည်....မိမိရှေ့၌ အိပ်ပျော်နေသော အလှလေးသည်
အိပ်ပျော်နေသည်ပင်လျင် အလိုမကျမှုကြောင့်
မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးထားခဲ့လေသည်....ကိုယ်လုပ်တော် jun သည် စာပေများနဲ့သာ
ပျော်မွေ့ခဲ့ပြီး၊ မိန်းကလေးတစ်ဦးထက်ပင်
မည်မျှ လှပလွန်းသည် ဆိုကာမူ ယောက်ျား
တစ်ယောက်၏ မာနနှင့် အင်အားတို့ကတော့
ရှိနေဆဲပင် ဖြစ်သည်....ယခုလို အင်အားနည်းနေချိန် ဖြစ်နေသည်
ကြောင့်သာ မိမိ လုပ်သမျှကို အလိုက်သင့်
ပါနိုင်နေခြင်းမျိုး ဖြစ်နိုင်ကောင်းပေသည်...
သို့ပေမဲ့လို့ ကိုယ်လုပ်တော် jun.၏ ယောက်ျား
အင်းအားသည် စစ်ပွဲများအား အောင်နိုင်သူ
စစ်မက်ဘုရင်၏ သန်မာမှုနဲ့တော့ နှိုင်းယှဉ်
နိုင်မည် မဟုတ်ပါ.....

YOU ARE READING
THE LOUDEST SILENT[..最响亮的沉默..]complete
Fanfiction(ဘာသာပြန် မဟုတ်ပါ) [Xingho] အနောက်ဂိုဂုလျောရဲ့ဘုရင်မင်းမြတ်က စစ်မက်ဘုရင်၊မျက်နှာဖုံးအရှင်လို့လူသိများတယ်...... ဦးရီးတော် Shixun ကလွဲရင် အပြုံးအရယ်မပြတက်တဲ့ စစ်မက်ဘုရင်ရဲ့မျက်နှာဖုံးအောက်ကမျက်၀န်းတွေမှ ခက်ထန်ခြင်းတွေဟာ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှေ့မှာ...