Zawgyi....
+
Unicode....
Zawgyi....
🌺....THE LOUDEST SILENT[..最响亮的沉默..]
Chapter: 37- 39
C__39
__________________________________အပိုင်း(၃၉)~ချစ်ရပါသော ဧကရီ(၁)
ဧကရီပြန်လာပြီ....
✨✨နန်းတော်မှစာရောက်လာပြီးနောက်တွင် Yixing သည် နန်းတော်သို့ပြန်ရန်သင့်ပြီဟု
ယူဆလိုက်သည်...
Junmyeon သည် yixing စကားအား နာခံစွာပင် သူသွားရာအရပ်အား လိုက်ပါရန် ဆန္ဒရှိလေသည်....Junmyeon က သူ၏ အင်္ကျီလေးတစ်ထည်အား yixing တားသည့်ကြားမှပင် အမှတ်တရဟုဆိုကာ ရအောင်ထုတ်ယူလာသည်...
လူသုံးယောက်နှင့်အထုတ်တစ်ထုတ်သည် ဤတောင်မှထွက်ခွာရန်အဆင်သင့်ဖြစ်လို့နေသည်....ကလေးငယ်တန်တန်လေးက Junmyeon အား ကုတ်တွယ်ကာ ထွက်သွားရန်ငြင်းဆန်နေပြီး တင်းတင်းဖတ်ကာ ငိုယိုလို့နေသည်....
"တန်တန်လေး....ကိုကိုလေးက ပြန်လာလည်မှာပေါ့...မျက်လုံးတွေနာကုန်မယ် မငိုနဲ့တော့နော်...."
Junmyeon က ကလေးငယ်လေးအရပ်နှင့်ညီမျှစေရန် စောင့်ကြောင့်ထိုင်လိုက်ပြီး ခြေသလုံးအား တင်းတင်းဖတ်ထားသည့် ကလေးငယ်အား ချော့မြူလို့နေသည်...
"မရဘူး.မရဘူး..ရုပ်ချောချောနဲ့ကိုကိုကြီးကိုမုန်းတယ်..အဖြူရောင်ကိုကိုလေးကို တန်အာဆီက ခေါ်သွားတယ်...မုန်းတယ်..."
သည်းကြီးမဲကြီးငိုကြွေးနေသည့် ကလေးငယ်အား Junmyeon က စိတ်မကောင်းစွာကြည့်နေပြီး၊ yixingက မသိဟန်ဆောင်ထားသည်...
အတန်ကြာငိုနေပြီးနောက်တွင် ကလေးငယ်က ငိုရလွန်း၍ အိပ်ပျော်သွားတော့သည်...
ထိုအခါမှသာ ကလေးငယ်၏ အမေက Junmyeon အား အားနာသည့်အကြည့်ဖြင့်ကြည့်ကာ ကလေးငယ်အား ခေါ်ဆောင်သွားတော့သည်...."အကို...လာလည်မယ် မဟုတ်လား"
မျှော်လင့်ချက်မျက်ဝန်းများဖြင့်ကြည့်နေသည့် ချင်းအာကို Junmyeon ခေါင့်ညိမ့်ပြလိုက်သည်..

YOU ARE READING
THE LOUDEST SILENT[..最响亮的沉默..]complete
Fanfiction(ဘာသာပြန် မဟုတ်ပါ) [Xingho] အနောက်ဂိုဂုလျောရဲ့ဘုရင်မင်းမြတ်က စစ်မက်ဘုရင်၊မျက်နှာဖုံးအရှင်လို့လူသိများတယ်...... ဦးရီးတော် Shixun ကလွဲရင် အပြုံးအရယ်မပြတက်တဲ့ စစ်မက်ဘုရင်ရဲ့မျက်နှာဖုံးအောက်ကမျက်၀န်းတွေမှ ခက်ထန်ခြင်းတွေဟာ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှေ့မှာ...