Zawgyi....
+
Unicode....
Zawgyi....
🌺....THE LOUDEST SILENT[..最响亮的沉默..]
Chapter: 35- 36
C__356
__________________________________အပိုင်း(၃၆)~ပြန်လည်တွေ့ဆုံခြင်း ၂
ဆုံးဖြတ်ချက်
✨✨လေတိုက်လျင် လွင့်သွားမတော့ဟန် ပါးလွှသော ပုံရိပ်ကလေးသည် ရေပူစမ်းကန်လေး
၏ နဘေးတွင် လဲကျသွားတော့မယောင် ယိုင်နဲ့နဲ့  ရပ်တန့်လို့နေသည်....
ပို၍ပိန်ပါးလာပြီး၊ပို၍အားနည်းဟန် ပေါ်လာသောလူသားသည် မျက်ဝန်းတောက်တောက်လေးများနှင့် ရေစိုအတွင်းဝတ်ပေါ်မှ အဖြူရောင်ဝတ်ရုံရှည်အား လွှမ်းခြုံလျက် အေးစက်သောနှင်းထုထဲ ရပ်တည်လို့နေစဲပင်.....သူသည် ဘယ်လက်မှဆုတ်ကိုင်ထားသည့် ဓားအိမ်ပေါ်သို့ လက်အားကိုပိုမိုဖျစ်ညှစ်ကာ လျင်မြန်သော ခြေလှမ်းများနှင့် သူ(Junmyeon)၏ အနားသို့လှမ်းလျှောက်နေမိသည်.....
အနည်းငယ်ထိပ်လန့်နေဟန်ဖြင့် အနောက်သို့ ခြေလှမ်းဆုတ်နေသော သူ(Junmyeon)သည်
လေနှင့်အတူ သူ(yixing)၏ မျက်ဝန်းရှေ့မှ လွှင့်ပါးပျောက်ကွယ်သွားတော့သည်...."ရာရာစစ!! အတင့်ရဲ့လို့!!"
မျက်နှာခြင်းဆိုင်လျက် အေးစက်မာကျောသော သူ၏အသံကြောင့် ဖျော့တော့သော
ခန္ဓာကိုယ်လေးသည် တုန်ယင်လို့သွားပြန်သည်....."အတင့်ရဲ့လို့....ငါကိုယ်တော်ကို အထီးကျန်အောင် လုပ်ရဲတယ်"
တစ်ဖက်လူ၏စကားသံပင်မစောင့်ပါပဲ သူသည် ပိန်ပါးသေးသွယ်နေသော ခန္ဓာကိုယ်လေး
အား သိမ်းကျုံးကားထွေးပွေ့ထားမိသည်....
သူ၏စကားသံသည် ဖျော့တော့၍ ၀မ်းနည်း
ကြေကွဲလျက်၊တုန်ရီ ဖျော့တော့လျက် အဆုံးတွင် မျက်ရည်စက်သည် လိမ့်ကာ စီးဆင်းလာခဲ့သည်.....တစ်ဖက်မှစိုစွတ်နေသော အတွင်းဝတ်မှ ရေသည် အပြင်ဝတ်ရုံအားဖြတ်ကျော်လျက် သိမ်းဖတ်ထားသော လက်အထိပင် စိုစွတ်၍လာစေသည်.....
အကြောများတောင့်ကာ ငြိမ်သက်နေသော သူ(Junmyeon)သည် သူ့အား ပြန်လည် ပွေ့ဖတ်လာခြင်းမရှိ.....

YOU ARE READING
THE LOUDEST SILENT[..最响亮的沉默..]complete
Fanfiction(ဘာသာပြန် မဟုတ်ပါ) [Xingho] အနောက်ဂိုဂုလျောရဲ့ဘုရင်မင်းမြတ်က စစ်မက်ဘုရင်၊မျက်နှာဖုံးအရှင်လို့လူသိများတယ်...... ဦးရီးတော် Shixun ကလွဲရင် အပြုံးအရယ်မပြတက်တဲ့ စစ်မက်ဘုရင်ရဲ့မျက်နှာဖုံးအောက်ကမျက်၀န်းတွေမှ ခက်ထန်ခြင်းတွေဟာ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှေ့မှာ...