အပိုင်း ၃၄)

787 103 3
                                    

Zawgyi....

+

Unicode....

Zawgyi....
🌺....

THE LOUDEST SILENT[..最响亮的沉默..]

Chapter: 32- 34
C__34
__________________________________

အပိုင်း(၃၄)~ထွက်​​ပြေးသူက ပြန်​​လာပါ့မလား~

၁နှစ်​ကြာခဲ့ပြီ
✨✨

အနီ​ရောင်​ပုတ်​ပုတ်​ မြို့ရိုးတံတိုင်းကြီး​ထပ်​တွင်
ဝတ်​ရုံစိမ်းသည်​ တလှပ်​လှပ်​လွင့်​ကာ ​ကောင်းကင်​ယံအား ​မော့ကြည့်​​နေခဲ့သည့်​ အထီးကျန်
ပုံရိပ်​တစ်​ခုရှိ​နေခဲ့သည်​..
လိ​မ္မော်​​ရောင်​ ​နေလုံးကြီးဟာ ​မေးတင်​လျက်​ ​နောက်​ဆုံး​သော ရှု​မျှော်​ခင်းအား ​ငေးကြည့်​လို့
နေချိန်​ဖြစ်​သည်​.....

ယုံရှီရဲ့ ​ခေတ္တနားခိုခြင်းကဗျာထဲကလို
'မင်းအတ္တက သူ့ကို အနား​ခေါ်ထားချင်​​ပေမဲ့
သူ့အ​တောင်​ပံ​တွေက​တော့ ရပ်​နားရတာ သ​ဘောမ​တွေ့ခဲ့ဘူး´
မာန်​၊မာနအား အထိအခိုက်​မခံတက်​သူသည်
နောက်​ဆုံး၌ သူ၏ အနားမှ ထွက်​ခွာရန်​သာ အဓိကထား ​ရွေးချယ်​သွားခဲ့သည်​.....

မြို့ရိုးထက်​မှ ပုံရိပ်​သည်​ အထီးကျန်​စွာ ထီးထီးကြီးရပ်​​နေသည်​...
Yixing မျက်​သားဖြူဖြူတို့ အခု​တော့ နီရဲလို့​နေသည်​...
Yixing က မျက်​၀န်းတို့ကို အသာမှိတ်​လိုက်​ပြီး​နောက်​ မြို့ရိုးထက်​မှ ယိမ်းနွဲ့​နေ​သော အနီ​ရောင်​ အလံတို့ကို မျက်​နှာလွှဲကာ ​ငေး​မော​နေမိသည်​....
မျက်​၀န်းစတို့အား အသာထိကာ စိုစွတ်​မှုအား
ဖယ်​ရှားလိုက်​ရပြန်​သည်​....

"သူက ပြန်​လာမယ်​လို့​ရော မင်းထင်​လို့လား..."

"....."

ခပ်​လှမ်းလှမ်းက ဒုံချန်းသည်​ ငြိမ်​သက်​ကာ အ​ဖြေမရှိ...
သူ၏ ​ဒေါသသည်​ ဒုံချန်းအား ရည်​ရွယ်​သည်​ မဟုတ်​....
'ဧကရီက ဧကရာဇ်​ အနားကို ကြိမ်း​သေ ပြန်​လာမှာပါ´ ဆိုတဲ့ စကားကိုပဲ ကြားချင်​ရုံသာ...

မြို့ရိုးတစ်​ဖက်​မှ အဆုံးမရှိ​သော ကွင်းပြင်​ကြယ်​ကြီးများကို ​ငေးကြည့်​မိသည်​..
အရာရာဟာ ငြိမ်​သက်​လျက်​ သူ့ထံပါးသို့ အ​ပြေးလာ​နေ​သော ယုန်​ငယ်​​လေးအာ မ​တွေ့ရ....

THE LOUDEST SILENT[..最响亮的沉默..]completeTempat cerita menjadi hidup. Temukan sekarang