Unicode....
သောက်ရေခွက်လေးတွေ မှောက်ထားသလို ဆံပင်ကေလေးတွေနဲ့ ခပ်သေးသေးအရွယ် က
လေးငယ် နှစ်ဦးက အလည်တွင် မုန့်အများအပြားချ၍ စကားလက်ဆုံကျနေသည်.."အဲ့အမတ်ကြီးက ဒီလို ဆုံးဖြတ်လိုက်တယ်.."
အနည်းငယ်အသားပိုဖြူတဲ့ ကလေးငယ်က
အသားပေါက်စီကို ခပ်ကြီးကြီးကိုက်ချလိုက်ပြီး
သူ့စကားကို ဖြတ်ချလိုက်တယ်..
အသက်တူ၊ရုပ်စင်တဲ့ နောက်ထပ်ကလေးငယ်
က ဂျယ်လီချောင်းကို ပါးစပ်မှာ ကိုက်ထားပြီး
သူ၏အရှေ့မှ ယုန်ပေါက်လေးနှင့်တူသည့် ကလေးငယ်အား မျက်လုံးလေးများဝိုင်းကာ
စိတ်ဝင်တစား စောင့်လို့နေသည်.."ဆက်ပြောလေ..ပါးစပ်ထဲက မုန့်ကို မြန်မြန်
မြိုချလိုက် မြန်မြန်ပြော"စိတ်မရှည်တော့တဲ့ ကလေးငယ်က ဂျယ်လီချောင်းအား ဘေးချပြီး ကြမ်းပြင်ကို တဖြန်းဖြန်းချတော့သည်...
"နေပါအုန်း baekhyun လေးကလည်း..ကိုကိုစားပါရစေအုန်း... နင်တာ"
"မရဘူး စိတ်ဝင်စားနေပြီ အဲ့တော့ အဲ့ဒီ ကြင်ယာတော်ကို အကျင့်ပုတ်အမတ်ကြီးက သတ်လိုက်ရောလား..."
"ရမလား..ဧကရာဇ်တစ်ယောက်လုံးရှိနေတာကို ခ်ခ်"
အသက်၆နှစ်အရွယ် အမွှာညီအကို နှစ်ယောက်ရဲ့ စကားဝိုင်းက ကြီးကျယ်တယ်..
ပင်တိုင်ပြောသူ အကိုကြီး suho စကားကို မပျင်းမရိ နားထောင်တက်တဲ့ ညီလေး baekhyun
က ပုံပြင်တစ်ပုဒ်ဆိုတာထက် ပိုပြီး ယုံကြည်လို့နေတယ်..စကားစပြောတက်သည့်အရွယ်ကတည်းက ဒီညီအကို နှစ်ယောက်က တစ်အိမ်လုံး ပြောင်းပြန်လှန်အောင် မဆော့ရသည့် နေများဆိုလျှင် ပုံပြင် ဆန်ဆန် နန်းတွင်အကြောင်းအရာများကို အချင်းချင်းပြောနေကြသည်..
ဟုတ်ပါသည်..
အမွှာအကိုကြီး suho ရဲ့ မှတ်ဥာဏ်များက အရင်ဘဝက အတိုင်း အကောင်းအတိုင်း ပါလာခဲ့သည်..
မိဘများကို ပြောပြရမည့်အစား၊ ညီငယ်လေး
ကို ေန့တိုင်းပြောပြတက်တဲ့ ကိုကို့ရဲ့စကားတွေ
ကိုလည်း ညီငယ်လေးက ယုံကြည်၍ နားထောင်
ခဲ့သည်..အထက်တန်းစတက်ခါစမှာ suho က မိဘများကို အရင်ဘဝက အကြောင်းများနှင့် အကောင်းအတိုင်းပါလာသည့် မှတ်ဥာဏ်များအကြောင်း
ဖွံ့ဟခဲ့သည်..
သို့သော် မိဘများကတော့ အစအနောက်သန်သည့် ညီအကိုနှစ်ယောက်၏ စကားများကို အယုံအကြည်မရှိခဲ့ပါ...
ထို့အပြင် suho က မိဘများတားစီးသည့်ကြားမှ
ကိုရီးယားသမိုင်းမေဂျာအား အထူးပြုယူကာ
လေ့လာခဲ့သည်..

YOU ARE READING
THE LOUDEST SILENT[..最响亮的沉默..]complete
Fanfiction(ဘာသာပြန် မဟုတ်ပါ) [Xingho] အနောက်ဂိုဂုလျောရဲ့ဘုရင်မင်းမြတ်က စစ်မက်ဘုရင်၊မျက်နှာဖုံးအရှင်လို့လူသိများတယ်...... ဦးရီးတော် Shixun ကလွဲရင် အပြုံးအရယ်မပြတက်တဲ့ စစ်မက်ဘုရင်ရဲ့မျက်နှာဖုံးအောက်ကမျက်၀န်းတွေမှ ခက်ထန်ခြင်းတွေဟာ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှေ့မှာ...