Zawgyi....
+
Unicode....
Zawgyi....
🌺....THE LOUDEST SILENT[..最响亮的沉默..]
Chapter: 40- 42
C__41
__________________________________အပိုင်း(၄၁)~အစစ်အမှန်မှတ်ဉာဏ်များ~
စိမ်းကားသွားသည်
✨✨ကောင်းကင်က ဘယ်လောက်ကျယ်လည်း၊ချောင်းငယ်ဟာ ဘယ်အရပ်ကိုစီးဆင်းသလဲ၊ချောင်းငယ်ဘယ်ကိုစီးလို့၊ကောင်းကင်ဘယ်မှာဆုံးသနည်း..
ပြန်လည်သတိရပြီးသည့်အချိန်မှစ၍ Junmyeon သည် yixing နှင့် ဝေးရာတွင်သာ ရှောင်ဖယ်နေထိုင်ခဲ့သည်..
မည်သည်ကိုမှ မေးမြန်းခြင်းမရှိ၊ဖြေရှင်းချက်တစ်စုံ မတောင်းခဲ့ပါ..တုန်လှုပ်ခြောက်ခြားနေသောစိတ်အစုံနှင့် yixing သည် Junmyeon အနားသွားရောက်ရန် ကြောက်ရွံ့နေခဲ့မိသည်..
အတိတ်ကိုသာပြန်လည် မှတ်မိသွားခဲ့ပါလျှင်..သူသည် သူတစ်ပါးပိုင်ပစ္စည်းလေးအား အလွန်နှစ်သက်၍ ခိုးယူသိမ်းစည်းထားမိခဲ့ပြီးနောက်တွင် နောင်တတရားများနှင့်ပိုင်ရှင်မိမည်အား ကြောက်ရွံ့နေမိခဲ့သော်လည်း ပိုင်ဆိုင်ချင်စိတ်ကပို၍ကြီးမားနေခဲ့သောကြောင့် ဆက်လက်ဝှက်ထားမိခဲ့သည့် သူခိုးကလေးကဲ့သို့ပင်..
နီရဲရဲမီးကျီအား နာကျင်သော်လည်း ခပ်တင်းတင်းဆုတ်ကိုင်ထားမိခဲ့သလို့ပင်..
လွှတ်မချချင်ခဲ့ပါ၊ဤသူအား လက်လွှတ်မပေးနိုင်ခဲ့ပါ..အစကတည်းက အဲ့ဒီလူဆီမှာ စိတ်ရင်းမဟုတ်ခဲ့ပဲ မေ့ပျောက်နေခဲ့သည့်အတိတ်ကြောင့် သူ့အား ချစ်ဟန်ဆောင်နေခဲ့သည်ဆိုခဲ့လျင် သူသည်ဤနာကျင်ခြင်းအား အဖွားမုန့်၏ စွပ်ပြုတ်ကိုသောက်ရလျင်ပင် မေ့ပြစ်နိုင်လိမ့်မည် မဟုတ်..
သူသည်နှလုံးသားတွေကြွေမွပြီးနာကျင်နေခဲ့ရပါလျှင်တောင် ထိုလူသားအား 'မင်းရောအဆင်ပြေရဲ့လား´ ဆိုသည့် အမေးအားအရင်ဆုံး မေးမည့်လူသာဖြစ်သည်..

YOU ARE READING
THE LOUDEST SILENT[..最响亮的沉默..]complete
Fanfiction(ဘာသာပြန် မဟုတ်ပါ) [Xingho] အနောက်ဂိုဂုလျောရဲ့ဘုရင်မင်းမြတ်က စစ်မက်ဘုရင်၊မျက်နှာဖုံးအရှင်လို့လူသိများတယ်...... ဦးရီးတော် Shixun ကလွဲရင် အပြုံးအရယ်မပြတက်တဲ့ စစ်မက်ဘုရင်ရဲ့မျက်နှာဖုံးအောက်ကမျက်၀န်းတွေမှ ခက်ထန်ခြင်းတွေဟာ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှေ့မှာ...