Zawgi....
+
Unicode....
Zawgi....
🌺THE LOUDEST SILENT[..最响亮的沉默..]
Chapter: 8 - 10
__________________________________အပိုင်း(၈)ထင်ကျန်ခဲ့သော အပြုံး~
တမ်းတမိသော
✨✨မနေ့ညက ဒဏ်ရာတစ်ခုနဲ့ပြန်ရောက်လာခဲ့
တဲ့ အရှင်ကြောင့် ဘုရင့်အိပ်ဆောင်မှာ တိတ်
တဆိတ် အနည်းငယ် လှုပ်ခတ်လို့သွားခဲ့သည်..."တိရှောင်လွင်ပြင်ဒေသက မိုးခေါင်ပြီး အစာ
ရေစာရှားပါးနေပြီး...အရာခံမြို့စားတွေပါ
ရိက္ခာ ပျက်လတ်နေလို့ ဆူပူပုန်ကန် မှုတွေ
ဆက်တိုက်ဖြစ်ပွားနေပါတယ် အရှင်...."မနက်ခင်းညီလာခံမှာ အပြိုင်အဆိုင် ဆွေးနွေး
သံတို့နှင့် ပြည့်နှက်နေတက်ပြီး ယနေ့တွင်တော့ ညီလာခံဆောင်ဟာ လိုသည်ထက်ပို၍
တိတ်ဆိတ်နေခဲ့သည်...."လွန်ခဲ့တဲ့ လကပဲ ငါကိုယ်တော် ရိက္ခာ တစ်သောင်း ပိုခိုင်းခဲ့တယ် မဟုတ်လား...အမတ်ကြီး
လီမို...""အရှင့်ကို လျှောက်တင်ပါတယ်....အရှင့်အမိန့်
နဲ့ လွှတ်ပေးလိုက်တဲ့ ရိက္ခာ သယ်ဆောင်သွားတဲ့ အတန်းကြီးက မြောက်ပိုင်းလွင်ပြင်မရောက်ခင် လမ်းခုလတ်မှာပဲ တိုက်ခိုက်ခံလိုက်ရလို့
ရိက္ခာ တွေဆုံးရှုံးပြီး လူအားလုံးလည်း အသတ်
ခံလိုက်ရပါတယ်တဲ့ အရှင်...."ရှင်ဘုရင်ရဲ့ စူးရဲတဲ့မျက်ဝန်းတစ်စုံဟာ အလိုမကျမှုနဲ့အတူ သတ်ဖြတ်လိုသော အရိပ်ယောင်တို့ ထင်ဟပ်လို့လာလေသည်....
"တိုက်ခိုက်ခံရတယ်....ဘုရင် ပို့လိုက်တဲ့ ရိက္ခာ
တပ်ကို တိုက်ခိုက်ရဲတယ်...ဘယ်က သတ္တိတွေနဲ့ပါလိမ့်..ဘယ်အချိန်ကလည်း...ဘာကြောင့် ငါကိုယ်တော်က အခုမှ သိရတာလည်း...."အမြဲတစေ အတိုက်အခံဘက်မှာရှိလို့နေတက်တဲ့ လက်ယာရံ အမတ်ကြီး ကျိယောင်က
အနည်းငယ် အရိုအသေပြုကာ ရှေ့ထွက်လာသည်....

CZYTASZ
THE LOUDEST SILENT[..最响亮的沉默..]complete
Fanfiction(ဘာသာပြန် မဟုတ်ပါ) [Xingho] အနောက်ဂိုဂုလျောရဲ့ဘုရင်မင်းမြတ်က စစ်မက်ဘုရင်၊မျက်နှာဖုံးအရှင်လို့လူသိများတယ်...... ဦးရီးတော် Shixun ကလွဲရင် အပြုံးအရယ်မပြတက်တဲ့ စစ်မက်ဘုရင်ရဲ့မျက်နှာဖုံးအောက်ကမျက်၀န်းတွေမှ ခက်ထန်ခြင်းတွေဟာ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှေ့မှာ...