Zawgyi....
+
Unicode....
Zawgyi....
🌺....THE LOUDEST SILENT[..最响亮的沉默..]
Chapter: 29- 31
C__31
__________________________________အပိုင်း(၃၁)~လွတ်မြောက်ခြင်းသည်သာ~
အစစ်အမှန်
✨✨ကိုယ်လုပ်တော် jun သည် သူ၏ အိပ်ယာထက်တွင် အပူအပင်အပြည့်ဖြင့် ငြိမ်သက်စွာ ထိုင်လျက် အတွေးရေယာဉ်ထဲနစ်လို့နေသည်..။
နွေဦးလေပြေက စိတ်ကျေနပ်စရာကောင်းစွာ
သွဲ့သွဲ့ကလေး တိုက်ခက်လို့နေသည်....။
ဤကမ္ဘာလောကကြီးတွင် ရင်းနှီးသူ၊မှီခို အား
ထားရမည့်သူ ကင်းမဲ့နေပြီဆိုသည့် ၀မ်းနည်း
သည် စိတ်ခံစားချက်များနောက်တွင် တစ်စုံတစ်ယောက်တော့ ရှိနေပါသေးသည် ဆိုသော မ
သိစိတ်၏ လှုံ့ဆော်ပေးခြင်းက ရှိလို့နေပြန်သည်......။"ဒီအစေခံအိုကြီးက အတင့်ရဲလို့ ကြင်ယာတော်ကို စကားနည်းနည်းလောက်ပြောပါစေ.."
ကိုယ်လုပ်တော် jun လက်မခံသည့်တိုင် ဤနန်းတော်ထဲမှ သူ၏ရာထူးဂုဏ်သည် ပြောင်းလဲစ
ပြုနေပြီဖြစ်သည်...။
Junmyeom ခေါင်းငြိမ့်ကာ အထိန်းတော်ကြီး
အား စကားဆက်စေသည်.....။"တစ်ချို့အတိတ်တွေက အကြာကြီးဖတ်တွယ်
ထားလို့ မကောင်းပါဘူး..အမုန်းတရားနဲ့ အာဃာတ တွေက လူတစ်ယောက်ကို မျက်ကန်းဖြစ်စေတယ်...မင်းသားလေးကို ထပ်ပြီး
အထီးမကျန်စေချင်တော့ပါဘူး...."ကြင်ယာတော် jun ၏ အထိန်းတော်အိုကြီးသည် ခေါင်းမာလှသော ကြင်ယာတော်အား ဖျောင်းဖြရန်ကြိုးစားလို့နေသည်.....။
သူသည် အထိန်းတော်ကြီး၏ စကားများအား အပြည့်အ၀နားလည်ပေသည်.....။ဤရက်များအတွင်းတွင် ပြောင်းလဲ၍မတည်မငြိမ်ဖြစ်နေသော သူ၏ရာထူးအဆင့်အတန်းကြောင့် အနောက်ဆောင်မှ ကိုယ်လုပ်တော်များ၏ အာရုံစိုက်ခြင်းကို ခံနေရသည်....။
မိဖုရားခေါင် သေဆုံးပြီးချိန်တွင် အတွင်းစိတ်အား ခေတ္တခဏထိန်းချုတ်ကာ ပူဆွေးဟန်ဆောင်နေကြသော ကိုယ်လုပ်တော်တို့သည် ဧကရာဇ်၏ ကိုယ်လုပ်တော် jun အား ဧကရီ ရာထူးခန့်အပ်စေချင်သော အချက်ကြောင့်
ဆူပူထကြွလာကြတော့သည်.....။

YOU ARE READING
THE LOUDEST SILENT[..最响亮的沉默..]complete
Fanfiction(ဘာသာပြန် မဟုတ်ပါ) [Xingho] အနောက်ဂိုဂုလျောရဲ့ဘုရင်မင်းမြတ်က စစ်မက်ဘုရင်၊မျက်နှာဖုံးအရှင်လို့လူသိများတယ်...... ဦးရီးတော် Shixun ကလွဲရင် အပြုံးအရယ်မပြတက်တဲ့ စစ်မက်ဘုရင်ရဲ့မျက်နှာဖုံးအောက်ကမျက်၀န်းတွေမှ ခက်ထန်ခြင်းတွေဟာ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှေ့မှာ...