Zawgyi...
+
Unicode ...
Zawgyi
🌺THE LOUDEST SILENT[..最响亮的沉默..]
Chapter: 17 - 19
__________________________________အပိုင်း(၁၇)နှလုံးသားအား နာကျင်စေခြင်း~
အနီး၌ရှိပါစေ
✨✨မတော်တဆ(သို့)ရည်ရွယ်ချက်ရှိရှိ ထိခိုက်
မှုဖြစ်စေခဲ့ပြီးနောက်တစ်နေ့တွင် ကိုယ်လုပ်
တော် jun ၏ အိပ်ဆောင်သည် မင်းကြီး ချီး
မြောက်သော အသွယ်သွယ်တို့ဖြင့် ပြည့်လျှံ လို့
နေသည်.....ကျည်းမြောင်းလှသော ဤအိပ်ဆောင် ငယ်
လေးတွင် တန်ဖိုးကြီး အ၀တ်အထည်များနှင့်
အင်အားဖြည့် အစားအသောက်များက လိုသည်ထက် ပိုကာ ပြည့်လျှံနေခဲ့ခြင်းကြောင့် အနောက်ဆောင်ရှိ မိန်းမတိုင်း၏ အမြင်မကြည်မှု
တို့အား တစ်နေ့ထက်၊တစ်နေ့ ပို၍ တိုးလာစေ
သည်...."ကိုယ်လုပ်တော် jun ပြတင်းပေါက် နားမှာ
နေမနေပါနဲ့တော့....ထပ်ပြီး နေမကောင်း
ဖြစ်နေပါအုန်းမယ်......"အပြင်တစ်ဖက်မှာ ဖန်သားပြင်ကြီးကဲ့သို့ ထူထဲစွာ ကျဆင်းနေသည့် နှင်းထုကြီးကို ငေးမောနေသည့် ကိုယ်လုပ်တော် jun ၏ ဆံနွယ်ကလေး
များသည် တိုက်ခက်နေသည့် လေကြောင့် မျှောလွင့်လို့နေသည်......"ဒီသားမွှေးလေး ချုံထားလိုက်ပါ....ဒါမင်းကြီး
ချီးမြင့်လိုက်တဲ့ မြေခွေးသားမွှေးခြုံထည်ပါ..."အစေခံအိုကြီးက သားမွှေးများစွာ ရှိနေသည့်
သေတ္တာ ကြီးထဲမှ မြေခွေးသားမွှေးခြုံထည်
အား ယူဆောင်ကာ ပေးလေသည်......."ပြတင်းပေါက်ကို ဒီက အစေခံ ပိတ်လိုက်ပါ
မယ်....ကိုယ်လုပ်တော် jun က အိပ်ယာထက်
မှာပဲ သက်တောင့် သင်သာ လှဲနေပါ...."မက်မွန်နံ့ ရေနွေအိုးအား သယ်လာသည့်
အထိန်းတော်ကြီးက ရေနွေးအိုးအား အိပ်
ယာနှင့် နီးရာတွင်ချကာ ပြတင်းတံခါးအား
ပိတ်လိုက်သည်......

YOU ARE READING
THE LOUDEST SILENT[..最响亮的沉默..]complete
Fanfiction(ဘာသာပြန် မဟုတ်ပါ) [Xingho] အနောက်ဂိုဂုလျောရဲ့ဘုရင်မင်းမြတ်က စစ်မက်ဘုရင်၊မျက်နှာဖုံးအရှင်လို့လူသိများတယ်...... ဦးရီးတော် Shixun ကလွဲရင် အပြုံးအရယ်မပြတက်တဲ့ စစ်မက်ဘုရင်ရဲ့မျက်နှာဖုံးအောက်ကမျက်၀န်းတွေမှ ခက်ထန်ခြင်းတွေဟာ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှေ့မှာ...