Part-2

13K 1.1K 17
                                    

Jungkook အိမ်ပြန်ရောက်တော့ လွယ်လာသောကျောပိုးအိတ်အား ကုတင်ပေါ်ပစ်ချရင်း နှုတ်ခမ်းထောင့်မှ စိမ့်ထွက်နေသော သွေးစအနည်းငယ်အားလက်ဖြင့်ဖိပွတ်လိုက်ပြီး

"ဟား Park Jimin ဆိုတဲ့အကောင်မင်းကငါ့ကိုလာစမ်းနေတာပဲ အဟက် "

Jungkook နဲ့ Jimin မှာ အထက်တန်းကျောင်းတက်နေကြပြီး Section A က King မှာ Jungkook ဖြစ်ပြီး Section B က King မှာ Jimin ဖြစ်သည်..

နှစ်ယောက်လုံးက ငယ်ကတည်းကရင်းအပြိုင်အဆိုင် အခုလည်းကြည့်လေ သူတို့ကျောင်းရဲ့ Queen ကို Jungkook လိုက်နေတာကို Jimin ကသိပြီး Jimin ချစ်သူဖြစ်အောင်ဖြတ်လုလိုက်ခြင်းပင်

Jungkook သိသွားတော့ ကျောင်းဆင်းချိန် Jimin နဲ့တွေ့ပြီးစကားများကြရာ နှစ်ယောက်လုံးထိုးကြိတ်ကြရင်းဖူးယောင်လို့ရယ်..

မှန်ရှေ့မှာရပ်ကြည့်နေရင်း ဟိုကောင်ထိုးထားတဲ့ဒဏ်ရာကို ညစာစားချိန် အန်ကယ်ကြီးနဲ့တီတီလေးမသိအောင် ဘယ်လိုဖုံးရမလည်းအကြံထုတ်နေမိသည်..

ဒေါက်..ဒေါက်...

"သားငယ်လေး အထဲမှာလား "

ဗုဒ္ဓေါ တီတီလေး....

"ဗျာ တီတီလေး "

"ရေချိုးပြီးအောက်ဆင်းလာခဲ့ဦး တီတီလေးတို့ပြောစရာရှိလို့ "

"ဟုတ်ကဲ့ တီတီလေး "

..................

Jungkook ဆင်းလာတော့ ထမင်းစားခန်းမှာ အန်ကယ်ကြီးနဲ့တီတီလေးအပြင် ကောင်လေးတစ်ယောက်ပါရှိနေသည်...

ခပ်တည်တည်ဝင်ထိုင်ရင်း အရှေ့ကကောင်လေးကိုတစ်ချက်ကြည့်ပြီး စားစရာရှိတာသာဆက်စားနေလိုက်သည်...

"သားငယ်လေး "

"ဗျာ "

"ဒီကောင်လေးက သားငယ်လေးအတွက်ခေါ်လာခဲ့တာ အရင်ကသားငယ်လေးပြောဖူးတယ်လေ ညီလေးတစ်ယောက်လောက်ဝယ်ပေးလို့ "

တီတီလေး စကားအဆုံး အရှေ့ကကောင်လေးကိုကြည့်မိတော့ ခေါင်းလေးကိုအစွမ်းကုန်ငုံ့ချထားသည်..

"တီလေးကလည်း သားငယ်တုန်းကမလို့ ပြောတာပါ လူတစ်ယောက်ကို ဘယ်လိုလုပ်ဝယ်လို့ရမှာလည်း "

💜 Lovely Tae 💜 (Completed)Where stories live. Discover now