Jungkook တကယ်တမ်း စိတ်ဆိုးချင်ယောင်ဆောင်နေတာဖြစ်သည်....ဒီလိုမှမလုပ်ရင် ဒီနေ့ Kim Taehyung တို့ Jeon Jungkook ရင်ခွင်ထဲရောက်ဖို့မိုးသာလင်းသွားမည်ဖြစ်သည်...
ငယ်ဝင်လာကတည်းက သိပေမယ့် တမင်အိပ်ချင်ယောင်ဆောင်နေကာ ငယ်အနားလာမယ့်အချိန်ကိုစောင့်နေမိခြင်းသာ...
ငယ်ကချော့မှာပဲလို့ထင်တဲ့အတိုင်းရင်ခွင်ထဲဇွတ်တိုးဝင်ကာ အနမ်းသူခိုးလုပ်နေတဲ့ငယ်...မွှေးအိအိကိုယ်လေးကရင်ခွင်ထဲလှုပ်စိလှုပ်စိကြောင့် အသည်းယားကာ တစ်ကိုယ်လုံးနမ်းပစ်ချင်စိတ်ကထိန်းမရ...
နောက်ဆုံးဆက်ပြီးဟန်မဆောင်နိုင်တော့တာမလို့ ပြောလိုက်တော့ အလန့်တကြားကြည့်လာတဲ့ မျက်နက်ဝန်းလေး...
....အားချစ်လိုက်တာငယ်ရာ....
"Jeon ဘယ်တုန်းက ..ဟင့်အင်း ဘယ်ကတည်းကနိုးနေတာလည်း"
"ကိုယ်ဘယ်တုန်းကမှ အိပ်မပျော်ခဲ့ဘူး..."
Tae ရှက်လို့ Jeon ရင်ခွင်ထဲခေါင်းလေးဖွက်ထားမိတော့သည်..ဒါဆို သူအကုန်ကြားမှာပေါ့ ပြီးတော့ကိုယ့်ဘက်က စနမ်းနေတာတွေရော သူအကုန်သိနေတာပေါ့...
"ဟင့်..."
Jungkook ရင်ခွင်ထဲဖွက်ထားတဲ့ ငယ့်ခေါင်းလေးကိုအသာပွတ်သပ်ပေးနေရင်း ပီတိပြုံးကြီးပြုံးနေရသည်..
..ငယ့်အချစ်ဦးက သူတဲ့လေ ဘယ်လောက်တောင်ကျေနပ်စရာကောင်းလိုက်လည်း..သူ့အချစ်ဦးကလည်း ငယ်ပဲဖြစ်သည်..ကျေနပ်ပြုံးကြီးနဲ့ပျော်မြူးနေတဲ့ Jungkook ရင်ခွင်ထဲကအသည်းအသက်လေးရဲ့ အသံလေးကြားတော့မှ မျက်နှာလေးမော့ယူလိုက်တော့...
"ဖယ်...Jeon မကောင်းဘူး...Tae ကိုလှည့်စားတယ်..."
ငိုမဲ့မဲ့လေးနဲ့အကောင်ပေါက်လေးရယ်...နားရွက်ဖျားတွေကပါနီ..ပါးတွေပါရဲကာ ရှက်နေသည်မှာ မျက်ဝန်းနက်တို့ထဲ မျက်ရည်လေးတွေပင်ဝေ့လို့...
"အာ ကလေးငယ်ရယ်...ဘာလို့ဝမ်းနည်းရတာလည်း ဒါဝမ်းနည်းစရာမှမဟုတ်တာ...ငယ့်အချစ်ဦးကကိုယ်ဆိုတာသိရတာ ကိုယ်ကတော့အရမ်းကိုပျော်တယ်..ငယ့်ကိုလည်း လုံးဝကိုယ့်အပိုင်ဖြစ်စေချင်ပြီ"
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...